Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကင်းအခွန်ရုံးကိုဗုံးခွဲပြီးနောက် ရန်ကုန်တိုင်းရှိ ကျန်အခွန်ရုံးများကိုပါတိုက်ခိုက်မည်ဟု FTR အဖွဲ့ သတိပေး

ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အာဏာသိမ်းစစ်ကောင်စီအလိုကျအခွန်အခများကို ပြည်သူလူထုထံမှ မတရားကောက်ယူနောက်ခြင်းကြောင့် ရုံးအနီးဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း FTR ၏ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Free Tiger Ranger(FTR)ဗဟန်းမြို့နယ်အဖွဲ့ခွဲမှ ရန်ကင်းမြို့နယ် အခွန်ဦးစီးမှူးရုံးအနီးဗုံးခွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီအလိုကျ အခွန်ကောက်ခံနေသည့် ရန်ကုန်တိုင်းရှိကျန်အခွန်ရုံးများကို ဗုံးခွဲတိုက်ခိုက်မည်ဟု ယနေ့ သတင်းထုတ်ပြန် အသိပေးလိုက်သည်။

ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အာဏာသိမ်းစစ်ကောင်စီအလိုကျအခွန်အခများကို ပြည်သူလူထုထံမှ မတရားကောက်ယူနောက်ခြင်းကြောင့် ရုံးအနီးဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း FTR ၏ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ထို့ပြင် အခွန်ဦးစီးမှူးရုံးရှိ ဦးစီးမှူးအပါအဝင် အခွန်ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုထံမှ အဓမ္မအခွန်ဆက်လက်ကောက်ခံနေမည်ဆိုပါက ၎င်းတို့နှင့် ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးကို တာဝန်မယူကြောင်း FTR က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆို​ကြောင်းဖေဖော်ဝါရီ ၁၂ ရက်က ကြေညာခဲ့ခြင်း ဖြစ်ပြီးအသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

သတင်း

တပ်ရင်း ၅၁၀၁ အနေဖြင့် ရန်ကုန်နှင့် အနီးဆုံးတွင် ရှိနေပြီး မြို့ပြသို့ဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း တပ်ရင်း ၅၁၀၁ ၏ တပ်ရင်းမှူး ရဲဘော် ဩကာသက အဆိုပါအခမ်းအနားတွင်ပြောကြားသည်။

သတင်း

စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများ၌ မကြာခဏ ဆိုသလို လုယက်မှုများ ဖြစ်ပွားနေသည်။

သတင်း

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များ ဖြစ်ကြောင်း သိရသည်။