Connect with us

Hi, what are you looking for?

News

ရန်ကင်းအခွန်ရုံးကိုဗုံးခွဲပြီးနောက် ရန်ကုန်တိုင်းရှိ ကျန်အခွန်ရုံးများကိုပါတိုက်ခိုက်မည်ဟု FTR အဖွဲ့ သတိပေး

ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အာဏာသိမ်းစစ်ကောင်စီအလိုကျအခွန်အခများကို ပြည်သူလူထုထံမှ မတရားကောက်ယူနောက်ခြင်းကြောင့် ရုံးအနီးဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း FTR ၏ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Free Tiger Ranger(FTR)ဗဟန်းမြို့နယ်အဖွဲ့ခွဲမှ ရန်ကင်းမြို့နယ် အခွန်ဦးစီးမှူးရုံးအနီးဗုံးခွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီအလိုကျ အခွန်ကောက်ခံနေသည့် ရန်ကုန်တိုင်းရှိကျန်အခွန်ရုံးများကို ဗုံးခွဲတိုက်ခိုက်မည်ဟု ယနေ့ သတင်းထုတ်ပြန် အသိပေးလိုက်သည်။

ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အာဏာသိမ်းစစ်ကောင်စီအလိုကျအခွန်အခများကို ပြည်သူလူထုထံမှ မတရားကောက်ယူနောက်ခြင်းကြောင့် ရုံးအနီးဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း FTR ၏ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ထို့ပြင် အခွန်ဦးစီးမှူးရုံးရှိ ဦးစီးမှူးအပါအဝင် အခွန်ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုထံမှ အဓမ္မအခွန်ဆက်လက်ကောက်ခံနေမည်ဆိုပါက ၎င်းတို့နှင့် ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးကို တာဝန်မယူကြောင်း FTR က သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မတ်လ ၂၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။