Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ်တွင် စစ်ကောင်စီသံချပ်ကာယာဉ် မိုင်းခွဲတိုက်ခိုက်ခံရ

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည် ဆိုသည်ကို မထုတ်ပြန်သေးပေ။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ယနေ့နံနက်က စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်ပါဝင်သည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခဲ့၍ ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက ပြောသည်။

“ မုံရွာကိုလာတာ။ မန္တလေးကနေဆင်းလာတာလို့ပြောတယ်။ နံနက် ၁နာရီခွဲလောက်မှာ နေနဲရွာ အဝင်မှာ မိုင်းခွဲခံရတာ။ သံချပ်ကာ ကားထိတယ်လို့ ပြောတယ်။ ငါးစီးလာတာ တစ်စီးထိတယ်လို့ ကြားတယ်။ အပျက်အစီးက နည်းနည်းထိခိုက်တယ်လို့ကြားတယ်။ အသေအပျောက်တော့မသိဘူး”ဟု ၎င်းက ​ပြောသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည် ဆိုသည်ကို မထုတ်ပြန်သေးပေ။

မုံရွာမြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလှုပ်ရှားမှုရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။