Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကို လက်နက်ရောင်းချမှု ချက်ချင်းပိတ်ပင်ဖို့ Justice for Myanmar တောင်းဆို

ကုလလသမဂ္ဂရဲ့ အဲဒီဆုံးဖြတ်ချက်ကို ဘီလာရုစ်တစ်နိုင်ငံပဲ ကန့်ကွက်ခဲ့ပြီး ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးခဲ့ကြပါဘူး။

အကြမ်းဖက်မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံးက လက်နက်ရောင်းချမှု အခုချက်ချင်းပိတ်ပင်ဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံ တကာလက်နက်ရောင်းသူနဲ့ လက်နက်ပွဲစားများကွန်ယက်ကထောက်ပံ့နေပြီး အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုကို ရပ်တန့်ဖို့ လက်နက်ရောင်းတဲ့ ကွန်ယက်တွေကို ဖြတ်တောက်ပစ်ရမယ်လို့ Justice for Myanmarက ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကလည်း အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းချမှုကို ကန့်သတ်ဖို့ ပြီးခဲ့တဲ့ ဇွန်လမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပေမယ့် ဥပဒေအရ စည်းနှောင်မှုမရှိခဲ့ပါဘူး။

ကုလသမဂ္ဂရဲ့ အဲဒီဆုံးဖြတ်ချက်ကို ဘီလာရုစ်တစ်နိုင်ငံပဲ ကန့်ကွက်ခဲ့ပြီး ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးခဲ့ကြပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။