Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကို လက်နက်ရောင်းချမှု ချက်ချင်းပိတ်ပင်ဖို့ Justice for Myanmar တောင်းဆို

ကုလလသမဂ္ဂရဲ့ အဲဒီဆုံးဖြတ်ချက်ကို ဘီလာရုစ်တစ်နိုင်ငံပဲ ကန့်ကွက်ခဲ့ပြီး ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးခဲ့ကြပါဘူး။

အကြမ်းဖက်မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံးက လက်နက်ရောင်းချမှု အခုချက်ချင်းပိတ်ပင်ဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံ တကာလက်နက်ရောင်းသူနဲ့ လက်နက်ပွဲစားများကွန်ယက်ကထောက်ပံ့နေပြီး အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုကို ရပ်တန့်ဖို့ လက်နက်ရောင်းတဲ့ ကွန်ယက်တွေကို ဖြတ်တောက်ပစ်ရမယ်လို့ Justice for Myanmarက ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကလည်း အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းချမှုကို ကန့်သတ်ဖို့ ပြီးခဲ့တဲ့ ဇွန်လမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပေမယ့် ဥပဒေအရ စည်းနှောင်မှုမရှိခဲ့ပါဘူး။

ကုလသမဂ္ဂရဲ့ အဲဒီဆုံးဖြတ်ချက်ကို ဘီလာရုစ်တစ်နိုင်ငံပဲ ကန့်ကွက်ခဲ့ပြီး ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးခဲ့ကြပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

"ဒီပဝါကို အနီးကပ်ကြည့်ကြည့်ရင် ကျဆုံးသွားသူတွေရဲ့ နာမည်တွေနဲ့ အသက်တွေကို ဖော်ပြထားပါတယ်။အငယ်ဆုံးက နှစ်လသားပါ၊ အကြီးဆုံးက ၁၀၅ နှစ်ပါ..."

သတင်း

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ ကိုင်ပြောခဲ့တဲ့ ပဝါပေါ် ရေးထားတဲ့ အမည်တွေကတစ်ဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ပေးကြဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာစိတ် ရှိကြဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားပါတယ်။

အတွေးအမြင်

ယောက်ျားရင့်မာကြီး တစ်ယောက် လူပုံအလယ်မှာ ဝမ်းနည်း မျက်ရည်ကျနေတာကို ကြည့်ရင်း ကျွန်တော်တို့လည်း သူနဲ့အတူ မျက်ရည်တွေ ကျခဲ့ရပါတယ်။