Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးမဖိတ်ဖို့ ဝန်ကြီးတွေဆွေးနွေးနေ

ဒါပေမဲ့ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကြမ်း ဖက်စစ်ကောင်စီက လိုက်နာအကောင် အထည်ဖော်ခြင်းမရှိသေးဘဲ အထူးကိုယ်စားလှယ်ခန့်အပ်အပြီး ၂ လကြာချိန်အထိ အထူးကိုယ် စားလှယ်ဟာ မြန်မာနိုင်ငံကို လာရောက်နိုင်ခြင်းမရှိသေးပါဘူး။

လာမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်း အဝေးမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ အာဆီယံဝန်ကြီးတွေအကြားဆွေးနွေးမှုပြုလုပ်နေတယ်လို့ အထူးကိုယ်စားလှယ်က ဒီနေ့ပြောကြားပါတယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof က ပြောကြားခဲ့တာဖြစ်ပြီး မြန်မာစစ်ကောင်စီဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို တိုးတက်အောင်လုပ်ဆောင်ခဲ့ ခြင်းမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုကို မြန်မာစစ်ကောင်စီက တိုက်ရိုက်တုံ့ပြန်တာမျိုးမရှိသေးဘူးလို့ အထူးကိုယ်စားလှယ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီနှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်း ဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးကို အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး အဲဒီအစည်းအဝေး အပြီးမှာ အကြမ်းဖက်မှုရပ်တန့်ရေး၊ အထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ အချက်တွေပါဝင်တဲ့ သဘောတူဆုံးဖြတ်ချက် ၅ ရပ်ကို ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကြမ်း ဖက်စစ်ကောင်စီက လိုက်နာအကောင် အထည်ဖော်ခြင်းမရှိသေးဘဲ အထူးကိုယ်စားလှယ်ခန့်အပ်အပြီး ၂ လကြာချိန်အထိ အထူးကိုယ် စားလှယ်ဟာ မြန်မာနိုင်ငံကို လာရောက်နိုင်ခြင်းမရှိသေးပါဘူး။

အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook