Connect with us

Hi, what are you looking for?

News

ပို့ကုန်ရငွေများကိုရက် ၃၀ အတွင်းမရောင်းလျှင်အရေးယူရန် စစ်ကောင်စီ၏ဗဟိုဘဏ်စီစဥ်၊ ပို့ကုန်လုပ်ငန်းများအပေါ်ကန့်သတ်မှုကြောင့် ဒေါ်လာဈေးပိုတက်နိုင်ဟု လုပ်ငန်းရှင်အချို့သုံးသပ်

“ဒီလိုလုပ်လာမယ်ဆိုတာ သိပြီးသားပါ။ ဒီလိုမဖြစ်နိုင်တဲ့ တင်းကျပ်မူလုပ်ရင် နောက်ပိုင်းဘယ်သူမှ နိုင်ငံခြားကို ပို့ကုန်ပို့ကြတော့မှာမဟုတ်ဘူး” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပပို့ကုန်ရငွေများ ရက်ပေါင်း ၃၀ အတွင်း မရောင်းချသည့်လုပ်ငန်းရှင်များကို စတင်အရေးယူရန် အကြမ်း ဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က စီစဉ်နေသည်။

ထိုသို့အရေးယူနိုင်ရေးစီစဉ်ရန် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသည့် ဌာနဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နှင့်အောက်တိုဘာ ၇ရက်တွင် ဆွေးနွေးခဲ့ကြောင်း အောက်တိုဘာ ၈ရက်က သတင်းထုတ်ပြန်ခြင်းဖြစ် သည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်နှင့်အထက်ပါ ဌာနများက “ နိုင်ငံခြားငွေဈေးနှုန်းမြင့်မားမှုအပေါ် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရေးသုံးသပ်ဆွေးနွေးသည့်အစည်းအဝေး” ခေါင်းစဥ်ဖြင့်ပြုလုပ်သောဆွေးနွေးပွဲတွင်ပို့ကုန်ရငွေများကို ပိုမိုတင်းကျပ်ရန်နှင့် ဒေါ်လာဈေး ကစားသူများကို အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြည်တွင်းကို ပြန်လည်မယူဆောင်လာသည့် လုပ်ငန်းရှင်များကို တရားစွဲအရေးယူရန်၊ ပို့ကုန်ရငွေများကို ရောင်းချရာတွင် ရက်ပေါင်း ၃၀ အတွင်း ရောင်းချခြင်းရှိမရှိ စောင့်ကြည့်ရန်၊ ပို့ကုန်ရငွေဝယ်ယူသူများသည် သုံးစွဲရန် မဟုတ်ဘဲ ထိန်းသိန်းသူများဟုတ်မဟုတ်စီစစ်ရန်နှင့် ဒေါ်လာဈေးမြင့်တက်ရန် /ထိန်းသိမ်းရန်ဆောင်ရွက်သည်ဟု ယူဆရသော ဘဏ်အကောင့်များ စီစစ်ရန်တို့ပါဝင်သည်။ ထိုပြင် ဒေါ်လာဘဏ်စာရင်းထဲမှ လွှဲပြောင်းမှုများကိုလည်း စီစစ်မည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

Public Service Announcement

Public Service Announcement

“ဒီလိုလုပ်လာမယ်ဆိုတာ သိပြီးသားပါ။ ဒီလိုမဖြစ်နိုင်တဲ့ တင်းကျပ်မူလုပ်ရင် နောက်ပိုင်းဘယ်သူမှ နိုင်ငံခြားကို ပို့ကုန်ပို့ကြတော့မှာမဟုတ်ဘူး” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပသို့ပို့ကုန်များမတင်ပို့ပါကဒေါ်လာရရှိမှု ပိုနည်းပြီး ၊ရှားပါးလာသဖြင့် ဒေါ်လာတန်ဖိုးပိုတက်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ထိုအစည်းအဝေးတွင် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများ မြင့်တက်ရခြင်းမှာ ဒေါ်လာဈေးတက်ရန် မဟုတ်မမှန်သတင်းများထုတ်လွှင့်ခြင်းကြောင့်ဖြစ်ပြီး ဒေါ်လာဈေးတက်စေရန် သတင်းထုတ်လွှင့်မှုများကို စီစစ်ဖော်ထုတ်အရေးယူမည်ရမည်ဟု စစ်ကောင်စီဗဟိုဘဏ်ကဆိုသည်။

ထို့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မူရပ်တန့်နေချိန်တွင် တရုတ်ယွမ်ငွေဈေးမြင့်တက်မြင့်တက်ခြင်းသည် မဖြစ်သင့်ဟု စစ်ကောင်စီဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။ ဒေါ်လာဈေးမတက်စေရန်ဆိုကာ ယခင်စစ်အစိုးရလက်ထက်ကလုပ်ခဲ့သောနည်းလမ်းဟောင်းအတိုင်း ဇိမ်ခံသွင်းကုန်များတင်သွင်းမှုကို ကန့်သတ်နေပြီဟုအစည်းအဝေးက သိရသည်။

“စစ်တပ်က အခုထိ ဈေးကွက်သဘောကို နားမလည်သေးဘူးလို့ဆိုရမယ်။ အခုက ကောလဟာလကြောင့် ဒေါ်လာဈေးတက်တာမဟုတ်ဘူး။ ဈေးကွက်သဘောအရ ဒေါ်လာဈေးတက်တာ ဒါကို နားမလည်သေးရင် အနာနဲ့ဆေး တည့်မှာ မဟုတ်သေးဘူး”ဟု ရန်ကုန်အခြေ စိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ထို့အပြင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပြင်ဆင်ခြင်းသည် ဒေါ်လာဈေးမတည်ငြိမ်အောင် ဆောင်ရွက်သူများကို အရေးယူရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀အတွင်း ပြည်တွင်းဘဏ်အားရောင်းရန် အောက်တိုဘာ ၃ရက်တွင်ဖိအားပေး ညွန့်ကြားခဲ့သည်။

ငွေလဲကောင်တာများတွင် တစ်ဒေါ်လာကို သတ်မှတ်နှုန်းထက်ပိုမဖွင့်ရန်နှင့် အများပြည်သူကို သတ်မှတ်ပမာဏာထက် ဒေါ်လာမရောင်းချရန် ကန့်သတ်ထားသည်။

ပြည်တွင်းဒေါ်လာဈေးသည် စက်တင်ဘာလကုန်ပိုင်းတွင် တစ်ဒေါ်လာကို ၂,၈၀၀ကျပ်အထိမြင့်တက်ခဲ့ပြီး သမိုင်းတလျောက်အမြင့်ဆုံး ငွေလဲနှုန်းဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော