Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်း​ပေါ်တွင် စစ်​ကောင်စီယာဥ်တန်းကို ​တော်လှန်​ရေးအဖွဲ့ များကမိုင်းခွဲတိုက်ခိုက်၊ စစ်​ကောင်စီတပ်အများအပြား​သေဆုံးဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အများအပြားကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့သည်ဟု သတင်းရရှိထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့ညနေပိုင်းက ​ဒေသခံ​တော်လှန်​ရေးအဖွဲ့၁၀ဖွဲ့က ပူး​ပေါင်း၍ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြား ​သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ(၁၀)ရက်၊ ညနေ (၅)နာရီခန့်က မုံရွာ-မန္တလေး ကားလမ်းပေါ် ဂွေးပင်တောကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနင်းလာသော (၇)စီးပါ ယာဉ်တန်းအား
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Monywa People Defence Force – MPDF၊မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊Myaung Special People’s Defense Force – MSPDF ၊နှလုံးလှလူမိုက်ကြီးများအဖွဲ့၊27 Revolution Forces၊PDF – တလုပ် ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ၊PDF-​ရေစကြို နှင့်စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG) တို့ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အများအပြားကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့သည်ဟု သတင်းရရှိထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုစစ်ဆင်ရေးတွင် ပြည်သူ့ရဲဘော် တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခြင်း၊ကျဆုံးခြင်းမရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့ညနေပွဲ အလုံး၂၀ ပဒေသာခွဲလိုက်တယ် ။ ကျဆုံးများနိုင်တယ် ၊ အရေအတွက်လည်း ကျွန်တော်တို့ခန့်မှန်းလို့မရဘူး ။ ၆၀% လောက်တော့သေဖို့များမယ်လို့ ခန့်မှန်းလို့ရမယ် ” ကျွနု်ပ်တို့ PDF တွေ ကျဆုံးမှုအတွက် သွေးကြွေးဆပ်ဖို့အတွက် ထပ်ပြီးတော့ပူးပေါင်းတိုက်ခိုက်မှုတွေလုပ်ဆောင်သွားပါမယ် “ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မဟာမိတ်တပ်ဖွဲ့များသည် ယမန်နေ့ကလည်း မြောင်မြို့နယ်တိုက်ပွဲများတွင် တာဝန်ခွဲဝေယူကာ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

​ချောင်းဦး PDF က စက်တင်ဘာလအတွင်းကလည်း မန္တ​​လေး -မုံရွာ ကားလမ်း​ပေါ်တွင် စစ်​ကောင်းစီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်အများအပြား​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။