Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့ မြင့်တက်လာတဲ့နှစ်စဉ်အသုံးစရိတ်

စစ်တပ်စိတ်ကြိုက်ရေးဆွဲတဲ့ အဲဒီဘတ်ဂျက်မှာ ကာကွယ်ရေးဘတ်ဂျက်ဟာ ဘတ်ဂျက်တခုလုံးရဲ့ ၁၅ ရာခိုင်နှုန်း ရှိနေပြီး ကျပ်ဘီလီယံ ၁၇၀၀ ကျော် သုံးစွဲဖို့ ပြင်ဆင်ထားတာပါ။

အာဏာသိမ်းပြီး ၈ လအကြာမှာ စစ်တပ်ဟာ လာမယ့် ၆ လတာ ကာလအတွင်း သုံးစွဲမယ့် ဘတ်ဂျက်ကို စိတ်ကြိုက်ရေးဆွဲလိုက်ပါတယ်။

NLD အစိုးရ သုံးခဲ့တဲ့ ဘတ်ဂျက်ကာလ သတ်မှတ်ချက်ကို ပယ်ဖျက်ပြီး ဘတ်ဂျက်နှစ်အသစ်မစမီ ဒီလ အောက်တိုဘာလကနေ လာမယ့်နှစ် မတ်လ ကုန်ထိ ကြားကာလ ခြောက်လတာ အတွက် သုံးမယ့်ဘတ်ဂျက်ကို စစ်တပ်က ရေးဆွဲလိုက်တာပါ။

စစ်တပ်စိတ်ကြိုက်ရေးဆွဲတဲ့ အဲဒီဘတ်ဂျက်မှာ ကာကွယ်ရေးဘတ်ဂျက်ဟာ ဘတ်ဂျက်တခုလုံးရဲ့ ၁၅ ရာခိုင်နှုန်း ရှိနေပြီး ကျပ်ဘီလီယံ ၁၇၀၀ ကျော် သုံးစွဲဖို့ ပြင်ဆင်ထားတာပါ။

ဒါဟာ NLD လက်ထက်က ဘတ်ဂျက်နှစ်အသစ်ပြောင်းသုံးဖို့ မတိုင်ခင် ကြားကာလ ၆ လတာ မှာ စစ်တပ်သုံးခဲ့တဲ့ ကျပ်ဘီလီယံ ၁၃၀၀ ကျော်ထက် ပိုများနေတာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အသုံးစရိတ်ဟာ စစ်ဆေးလို့မရသလို နှစ်စဉ် ဘတ်ဂျက်တောင်ခံလာတဲ့အခါတိုင်း လွှတ်တော် က ဖြတ်တောက်တာမရှိဘဲ အတည်ပြုပေးခဲ့ပါတယ်။

စစ်တပ်ရဲ့ ဘတ်ဂျက် ပထမဆုံးဖြတ်တောက်ခံရတာဆိုလို့ ၂၀၁၉ − ၂၀၂၀ ဘတ်ဂျက်နှစ် မှာ ဖြည့်စွက်ဘတ်ဂျက် အဖြစ် ကျပ်သန်း ၁ သိန်း ၉ သောင်းကျော် တောင်းခံခဲ့ရာ လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် ဖြတ်တောက်ခံခဲ့ရတာပဲရှိပါတယ်။

ဒါဟာ စစ်တပ်ရဲ့ ဘတ်ဂျက် ပထမဆုံးဖြတ်တောက်ခံရတာဖြစ်ပြီး NLD အစိုးရလက်ထက် ၄ နှစ်တာ ကာလ ရောက်လာချိန်မှာ ကြုံရတာလည်းဖြစ်ပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ် လျော့နည်းတဲ့မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အသုံးစရိတ် ဟာ နှစ်စဉ် မြင့်တက်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးစရိတ်မြှင့်တင်ပေးခဲ့တာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။