Connect with us

Hi, what are you looking for?

News

ပေါက်နယ်ရှိ ဇီးပြားရဲစခန်းကို PDFများ တိုက်ခိုက်၊ ရဲနှစ်ဦးသေပြီး စခန်းမီးရှို့ခဲ့ဟု ထုတ်ပြန်

မြိုင် PDF သည် ပေါက်မြောက်ပိုင်းPDF အဖွဲ့နှင့် ပူးပေါင်းကာ အောက်တိုဘာ ၁၂ရက် ည ၉နာရီမှ ၁၀နာရီအချိန်ထိ ဇီးပြားရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦးသေဆုံးပြီး အထိအခိုက်များရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

မြိုင် PDF သည် ပေါက်မြောက်ပိုင်းPDF အဖွဲ့နှင့် ပူးပေါင်းကာ အောက်တိုဘာ ၁၂ရက် ည ၉နာရီမှ ၁၀နာရီအချိန်ထိ ဇီးပြားရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီမှ ရဲ နှစ်ဦးသေဆုံးပြီး အထိအခိုက်များရှိသည်ဟု ခန့်မှန်းရကြောင်း၊ ရဲများ စခန်းကို စွန့်ခွာကာ အနီးနားရှိ တောင်ကုန်းပေါ်မှ ပြန်လည်ပစ်ခတ်သောကြောင့် စခန်းအား မီးရှို့နေရင်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

“ဖြစ်တာကဟုတ်တယ်။ စခန်းမီးရှို့တဲ့အဆင့်ရောက်၊မရောက်မသိဘူး”ဟု ပေါက်ဒေသခံက ပြောသည်။ အပြန်အလှန်ပစ်ခတ်မှုများရှိ၍ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook