Connect with us

Hi, what are you looking for?

News

ကယားတွင် ရိက္ခာပြတ်လပ်နေသည့်စစ်ရှောင်စခန်းသို့ ရိက္ခာသွားပို့သည့် Free Burma Ranger -Karenniယာဉ်မတော်တဆဖြစ်၍ အဖွဲ့ဝင်တစ်ဦးကျဆုံး

ကရင်နီ (ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအားအရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်များ ထောက် ပံ့ခြင်း (Good Life Glub) အစီအစဥ်ဖြင့် ခွန်အားပေး နှစ်သိမ့်ခြင်းများကို Free Burma Ranger- Karenni အဖွဲ့က ဆောင်ရွက်နေသည်။

ဓာတ်ပုံ - Free Burma Ranger -Karenni

ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း စားနပ်ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်စခန်းတစ်ခုကို Free Burma Ranger -Karenni အဖွဲ့က ရိက္ခာသယ်ယူပို့ဆောင်ပေးနေစဥ် ယာဉ်မ‌တော်တဆဖြစ်ပြီး ချောက်ထဲပြုတ်ကျ၍ အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ကရင်နီ (ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအားအရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်များ ထောက် ပံ့ခြင်း (Good Life Glub) အစီအစဥ်ဖြင့် ခွန်အားပေး နှစ်သိမ့်ခြင်းများကို Free Burma Ranger- Karenni အဖွဲ့က ဆောင်ရွက်နေသည်။

ကယားပြည်နယ်အတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင်ရသူ ရှစ်သောင်းကျော် အထိရှိနေကြောင်းလည်း လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

အဆိုပါစစ်ရှောင်များတွင် အရေးပေါ်စားနပ် ရိက္ခာများ၊ဆေးဝါးများ နှင့် အခြေခံလူသုံးကုန် ပစ္စည်းများစွာ လိုအပ်မှုများဖြစ်ပေါ်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ အာဏာသိမ်းအကျိုးဆက်မှတစ်ဆင့် ကယား ပြည်နယ်အတွင်း အောက်တိုဘာ ၁၁ ရက်အထိ သေဆုံးမှုစာရင်းအရ ၁၂၂ ဦးရှိကာ ယင်းအနက် ၈၂ ဦးမှာအပြစ်မဲ့ပြည်သူများဖြစ်ပြီး စစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ် စစ်ရှောင်စခန်းတွေမှာ လေပြင်းကြောင့် စစ်ရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံ တစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင် ကျောင်းကို ဒီကနေ့ ယညမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းမှဗုံးကြဲလို့ ထိခိုက်မှုတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။