Connect with us

Hi, what are you looking for?

LuduNwayOo

News

ကယားတွင် ရိက္ခာပြတ်လပ်နေသည့်စစ်ရှောင်စခန်းသို့ ရိက္ခာသွားပို့သည့် Free Burma Ranger -Karenniယာဉ်မတော်တဆဖြစ်၍ အဖွဲ့ဝင်တစ်ဦးကျဆုံး

ကရင်နီ (ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအားအရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်များ ထောက် ပံ့ခြင်း (Good Life Glub) အစီအစဥ်ဖြင့် ခွန်အားပေး နှစ်သိမ့်ခြင်းများကို Free Burma Ranger- Karenni အဖွဲ့က ဆောင်ရွက်နေသည်။

ဓာတ်ပုံ - Free Burma Ranger -Karenni

ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း စားနပ်ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်စခန်းတစ်ခုကို Free Burma Ranger -Karenni အဖွဲ့က ရိက္ခာသယ်ယူပို့ဆောင်ပေးနေစဥ် ယာဉ်မ‌တော်တဆဖြစ်ပြီး ချောက်ထဲပြုတ်ကျ၍ အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ကရင်နီ (ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအားအရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်များ ထောက် ပံ့ခြင်း (Good Life Glub) အစီအစဥ်ဖြင့် ခွန်အားပေး နှစ်သိမ့်ခြင်းများကို Free Burma Ranger- Karenni အဖွဲ့က ဆောင်ရွက်နေသည်။

ကယားပြည်နယ်အတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင်ရသူ ရှစ်သောင်းကျော် အထိရှိနေကြောင်းလည်း လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

အဆိုပါစစ်ရှောင်များတွင် အရေးပေါ်စားနပ် ရိက္ခာများ၊ဆေးဝါးများ နှင့် အခြေခံလူသုံးကုန် ပစ္စည်းများစွာ လိုအပ်မှုများဖြစ်ပေါ်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ အာဏာသိမ်းအကျိုးဆက်မှတစ်ဆင့် ကယား ပြည်နယ်အတွင်း အောက်တိုဘာ ၁၁ ရက်အထိ သေဆုံးမှုစာရင်းအရ ၁၂၂ ဦးရှိကာ ယင်းအနက် ၈၂ ဦးမှာအပြစ်မဲ့ပြည်သူများဖြစ်ပြီး စစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယခုအခါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာစခန်းတည်ဆောက်ထားပြီး စခန်းပတ်ချာလည်ရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

RFA ၏ သတင်းဖော်ပြချက်တွင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြားချက် အသံဖိုင်ကိုလည်း ဖော်ပြခဲ့ရာ ယန်ဟီးလီနှင့် အခြားအရေးကြီးသည့် သံတမန်များ၊ တရုတ်အထူးကိုယ်စားလှယ်တို့ကို ပေးပို့ခဲ့သည်ဟု အသိပေးသည်။

ဆောင်းပါး

မြေပြင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှာ ကရင်နီပူး​ပေါင်းတပ်များတိုက်ခိုက်မှု​ကြောင့် သေဆုံးထိခိုက်မှုများပြီးအထိနာ၍ ဧပြီလကုန်တွင် တပ်ဆုတ်ခဲ့သည်။ ထို​နောက်​မေလဆန်း ၃ ရက်နေ့ကစ၍ ပြန်လည် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

သတင်း

KIOထိန်းချုပ် ဒေသရှိ မဂါးယန်နှင့် ရှအစ်ယန် စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင်များ နေထိုင်ရာ အိမ်ခြေ ၂၀ ၊ အိမ်သာနှင့် မီးဖိုချောင် ၄၀ ခန့် ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။