Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမ္ဘာကျော် Kempinski ဟိုတယ် လုပ်ငန်းများရပ်နားတော့မည်ဖြစ်၍ ဧည်သည်သစ်လက်မခံတော့

အဆိုပါဟိုတယ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ အိုဘာမားအပါအဝင် နိုင်ငံခေါင်းဆောင်များ တည်းခိုခဲ့သော ဟိုတယ်လည်းဖြစ်သည်။

နေပြည်တော်တွင်ဖွင့်လှစ်ထားသော ကမ္ဘာကျော် Kempinski ဟိုတယ်လုပ်ငန်းစုက မြန်မာနိုင်ငံတွင် လုပ်ငန်းများရပ်နားမည်ဖြစ်၍ အောက်တိုဘာ ၁၃ရက်မှစ၍ ဧည့်သည်အသစ်လက်မခံတော့ကြောင်း ယနေ့(အောက်တိုဘာ၁၄) ထုတ်ပြန်ကြေငြာသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ဒီမိုကရေစီအသွင်ကူးပြောင်းသည့်ကာလတွင် ဝင်ရောက်လာသည့် ဥရောပ ဟိုတယ်လုပ်ငန်းစုဖြစ်ပြီး လက်ရှိနိုင်ငံ၏ အခြေအနေအရလုပ်ငန်းများ ရပ်နားရန်ဆုံးဖြတ်ရခြင်းဟုလည်းဖော်ပြထားသည်။ လက်ရှိမြန်မာနိုင်ငံ၏ မမျှော်မှန်းနိုင်သော အနာဂတ်အရ ဟိုတယ်လုပ်ငန်းများ ဆက်လက်လည်ပတ်ရန် အခက်အခဲများရှိပြီး ဟိုတယ်ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်လိုသော်လည်း မြန်မာပြည်၏ လက်ရှိအနေအထားအရ မဖြစ်နိုင်တော့ဟု ဆိုသည်။

Kempinski ဟိုတယ်လုပ်ငန်းစုက နေပြည်တော်တွင် Kempinski (နေပြည်တော်)အဖြစ် ၂၀၁၄ နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဇကုမ္ပဏီအုပ်စုပိုင်ဆိုင်သည့် မြေဧက ၅၀တွင် Jewellery Lucky ကုမ္ပဏီဖြင့် ဒေါ်လာသန်း ၅၀ အကုန်အကျခံ၍ အကျိူးတူပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဟိုတယ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ အိုဘာမားအပါအဝင် နိုင်ငံခေါင်းဆောင်များ တည်းခိုခဲ့သော ဟိုတယ်လည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Kempinski ဟိုတယ်လုပ်ငန်းစုသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် အခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဥရောပဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းကို ၁၈၉၇က ဘာလင်မြို့တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟိုတယ်ထဲမှာ ခေါင်းဖြတ်ထားတဲ့ အလောင်း ရှာတွေ့ခဲ့တဲ့နောက် အမျိုးသမီး တစ်ဦးနဲ့ မိဘတွေကို ဖမ်းဆီးထားလိုက်ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင် EPCမှ မီးတစ်ကြိမ်လာလျှင် ၃ နာရီခန့်သာအလွန်ဆုံးပေးပြီး မီးလာနေချိန်ပင် မကြာခဏပြတ်တောက်လေ့ရှိကြောင်း၊ ၂၄ နာရီလျှင် လျှပ်စစ်မီးရရှိချိန် ၆ နာရီပင်မရှိတော့ကြောင်း မြို့ခံများက ပြောသည်။

ဗီဒီယို

ဟိုတယ်ရဲ့ ဖွဲ့စည်းပုံအရ စင်္ကြန်လမ်းတွေက ကျဉ်းမြောင်းပြီး ရှုပ်ထွေးတာကြောင့်လည်း ဧည့်သည်တွေ လွတ်မြောက်အောင် ထွက်ပြေးရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက မှတ်ချက် ပေးထားပါတယ်။

သတင်း

ဖောက်ထွင်းသူတွေဟာ ဟိုတယ်ရဲ့ အိပ်ခန်းတွေ၊ ဧည့်ကြိုခန်းတွေ၊ ဓာတ်လှေကားနဲ့ ယုတ်စွအဆုံး အိမ်သာတွေထဲထိ မွှေနှောက်ပြီး ပစ္စည်း အမျိုးအစား ၃၈၁ ခုကို ယူငင်သွားတယ်လို့ဆိုပါတယ်။