Connect with us

Hi, what are you looking for?

News

ကမ္ဘာကျော် Kempinski ဟိုတယ် လုပ်ငန်းများရပ်နားတော့မည်ဖြစ်၍ ဧည်သည်သစ်လက်မခံတော့

အဆိုပါဟိုတယ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ အိုဘာမားအပါအဝင် နိုင်ငံခေါင်းဆောင်များ တည်းခိုခဲ့သော ဟိုတယ်လည်းဖြစ်သည်။

နေပြည်တော်တွင်ဖွင့်လှစ်ထားသော ကမ္ဘာကျော် Kempinski ဟိုတယ်လုပ်ငန်းစုက မြန်မာနိုင်ငံတွင် လုပ်ငန်းများရပ်နားမည်ဖြစ်၍ အောက်တိုဘာ ၁၃ရက်မှစ၍ ဧည့်သည်အသစ်လက်မခံတော့ကြောင်း ယနေ့(အောက်တိုဘာ၁၄) ထုတ်ပြန်ကြေငြာသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ဒီမိုကရေစီအသွင်ကူးပြောင်းသည့်ကာလတွင် ဝင်ရောက်လာသည့် ဥရောပ ဟိုတယ်လုပ်ငန်းစုဖြစ်ပြီး လက်ရှိနိုင်ငံ၏ အခြေအနေအရလုပ်ငန်းများ ရပ်နားရန်ဆုံးဖြတ်ရခြင်းဟုလည်းဖော်ပြထားသည်။ လက်ရှိမြန်မာနိုင်ငံ၏ မမျှော်မှန်းနိုင်သော အနာဂတ်အရ ဟိုတယ်လုပ်ငန်းများ ဆက်လက်လည်ပတ်ရန် အခက်အခဲများရှိပြီး ဟိုတယ်ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်လိုသော်လည်း မြန်မာပြည်၏ လက်ရှိအနေအထားအရ မဖြစ်နိုင်တော့ဟု ဆိုသည်။

Kempinski ဟိုတယ်လုပ်ငန်းစုက နေပြည်တော်တွင် Kempinski (နေပြည်တော်)အဖြစ် ၂၀၁၄ နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဇကုမ္ပဏီအုပ်စုပိုင်ဆိုင်သည့် မြေဧက ၅၀တွင် Jewellery Lucky ကုမ္ပဏီဖြင့် ဒေါ်လာသန်း ၅၀ အကုန်အကျခံ၍ အကျိူးတူပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဟိုတယ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ အိုဘာမားအပါအဝင် နိုင်ငံခေါင်းဆောင်များ တည်းခိုခဲ့သော ဟိုတယ်လည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Kempinski ဟိုတယ်လုပ်ငန်းစုသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် အခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဥရောပဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းကို ၁၈၉၇က ဘာလင်မြို့တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

သတင်း

TNLA ၊ KIA အပြင်အပစ်ရပ်ထားသော MNDAA ပါ ရှိနေသောကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယ​နေ့နံနက် အစောပိုင်းတွင်လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ​ခြောက်ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဩစတြေးလျမှာ ဟိုတယ်တစ်လုံးပေါ်ကို ရဟတ်ယာဉ်က ဝင်တိုက်ခဲ့ရာက လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။