Connect with us

Hi, what are you looking for?

News

ဖလမ်းတွင် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ တစ်ဦးသေ ၊တစ်ဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများအသုံးပြု၍ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သော်လည်း CNDF တပ်ဖွဲ့ဝင်များ အထိအခိုက်၊ အကျအရှုံးမရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန် သည်။

People's Spring
People's Spring

ချင်းပြည်န် ဖလမ်း​မြို့နယ် သီးဘွာလ်တပ်စခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ယနေ့နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ထုတ်ပြန်သည်။

အောက်တိုဘာ၁၅ရက် နံနက် ၁၁နာရီအချိန်ခန့်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ထွက်လာကြသော စစ်ကောင်စီတပ်များကို CNDFက ခုခံတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများအသုံးပြု၍ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သော်လည်း CNDF တပ်ဖွဲ့ဝင်များ အထိအခိုက်၊ အကျအရှုံးမရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန် သည်။

ချင်းအမျိုးသားတပ်ဦး CNF တပ်နှင့် ချင်းပြည်နယ်ကာ ကွယ်ရေးတပ် (CDF)တို့နှင့် ဖလမ်းမှ ဟားခါးမြို့ဘက်သို့ အင်အားဖြည့်တင်းလာနေသည့် စစ်ကောင်စီ တပ်များသည် အောက်တိုဘာ ၁၃ရက်မှ စတင်၍ တိုက်ပွဲဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဇီးတောကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအ၀င် သေဆုံးသူများပြီး လက်နက်ခဲယမ်းတချို့သိမ်းရတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

Facebook