Connect with us

Hi, what are you looking for?

News

နှစ်ပေါင်း ၆၀ကျော် စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိဖို့နဲ့ တရားမျှတမှုရှိဖို့ လုပ်ဆောင်ရမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တိုက်တွန်း

အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ(ACSC)/ အာဆီယံ လူထုဖိုရမ်(APF) ဒုတိယနေ့ မှာ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာ တာဝန် ယူမှု၊ တာဝန်ခံမှု ယန္တရားတွေ ပူးပေါင်းပြီး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိဖို့နဲ့ တရားမျှတမှုရှိဖို့ လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပါတယ်။

အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ(ACSC)/ အာဆီယံ လူထုဖိုရမ်(APF) ဒုတိယနေ့ မှာ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာ တာဝန် ယူမှု၊ တာဝန်ခံမှု ယန္တရားတွေ ပူးပေါင်းပြီး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။

အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ(ACSC)/ အာဆီယံ လူထုဖိုရမ်(APF) ပထမနေ့ကို “အာဏာရှင် စနစ်၊ စစ်တပ်နှင့် ကိုဗစ်-၁၉ : အရှေ့တောင်အာရှတခွင် ပိုမိုကြီးထွားလာသော တန်း တူညီမှုမရှိခြင်းနှင့် ပြည်သူ့ပါဝင်ခွင့်နယ်ပယ် ကျဉ်းမြောင်းလာခြင်းကို စုပေါင်းဖြေရှင်းရန် စိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

ဒုတိယနေ့မှာ “အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခြင်းအလေ့အထ- လူသားမျိုးနွယ်တရပ် လုံးအပေါ် ခြိမ်းခြောက်မှု- မြန်မာပြည်သူများအတွက် တရားမျှတမှု ပေါ်ပေါက်ရမည်” ခေါင်းစဉ် နဲ့ စုံညီအစည်းအဝေးကျင်းပခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစုံညီအစည်းအဝေးမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ(GSC) မှ ကိုရဲဝေဖြိုးအောင်က စစ်တပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသုံးပြီး အာဏာမြဲအောင် ပြုလုပ်ခဲ့ တာကြောင့် သမိုင်းကို ခြုံငုံကြည့်ပါက စစ်တပ်ကသာ ပြည်သူအပေါ် ဖိနှိပ်နေသူတွေဖြစ်ပြီး သူတို့ဖန်တီးထားတဲ့နိုင်ငံရေးစနစ်ကြောင့် ပြည်သူတွေဟာ ဒီမိုကရေစီကို ဘယ်လိုပုံစံမျိုးနဲ့မှ မခံစားရသေးဘူးလို့ ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံတော်သစ်ဟာ ဒီမိုကရေစီ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ လူ့အခွင့် အရေးကို ဗဟိုပြုနေရမယ်လို့ ကိုရဲဝေဖြိုးအောင်က ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။