Connect with us

Hi, what are you looking for?

LuduNwayOo

News

နှစ်ပေါင်း ၆၀ကျော် စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိဖို့နဲ့ တရားမျှတမှုရှိဖို့ လုပ်ဆောင်ရမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တိုက်တွန်း

အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ(ACSC)/ အာဆီယံ လူထုဖိုရမ်(APF) ဒုတိယနေ့ မှာ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာ တာဝန် ယူမှု၊ တာဝန်ခံမှု ယန္တရားတွေ ပူးပေါင်းပြီး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိဖို့နဲ့ တရားမျှတမှုရှိဖို့ လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပါတယ်။

အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ(ACSC)/ အာဆီယံ လူထုဖိုရမ်(APF) ဒုတိယနေ့ မှာ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာ တာဝန် ယူမှု၊ တာဝန်ခံမှု ယန္တရားတွေ ပူးပေါင်းပြီး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။

အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ(ACSC)/ အာဆီယံ လူထုဖိုရမ်(APF) ပထမနေ့ကို “အာဏာရှင် စနစ်၊ စစ်တပ်နှင့် ကိုဗစ်-၁၉ : အရှေ့တောင်အာရှတခွင် ပိုမိုကြီးထွားလာသော တန်း တူညီမှုမရှိခြင်းနှင့် ပြည်သူ့ပါဝင်ခွင့်နယ်ပယ် ကျဉ်းမြောင်းလာခြင်းကို စုပေါင်းဖြေရှင်းရန် စိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

ဒုတိယနေ့မှာ “အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခြင်းအလေ့အထ- လူသားမျိုးနွယ်တရပ် လုံးအပေါ် ခြိမ်းခြောက်မှု- မြန်မာပြည်သူများအတွက် တရားမျှတမှု ပေါ်ပေါက်ရမည်” ခေါင်းစဉ် နဲ့ စုံညီအစည်းအဝေးကျင်းပခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစုံညီအစည်းအဝေးမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ(GSC) မှ ကိုရဲဝေဖြိုးအောင်က စစ်တပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသုံးပြီး အာဏာမြဲအောင် ပြုလုပ်ခဲ့ တာကြောင့် သမိုင်းကို ခြုံငုံကြည့်ပါက စစ်တပ်ကသာ ပြည်သူအပေါ် ဖိနှိပ်နေသူတွေဖြစ်ပြီး သူတို့ဖန်တီးထားတဲ့နိုင်ငံရေးစနစ်ကြောင့် ပြည်သူတွေဟာ ဒီမိုကရေစီကို ဘယ်လိုပုံစံမျိုးနဲ့မှ မခံစားရသေးဘူးလို့ ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံတော်သစ်ဟာ ဒီမိုကရေစီ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ လူ့အခွင့် အရေးကို ဗဟိုပြုနေရမယ်လို့ ကိုရဲဝေဖြိုးအောင်က ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။