Connect with us

Hi, what are you looking for?

News

မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့ အခွင့်အရေးကာကွယ်ပေးဖို့နည်းလမ်းတွေ နိုင်ငံတကာကို မြန်မာသံအမတ်ကြီးမေးမြန်း

ဖမ်းဆီးခံရသူတွေရဲ့ ထက်ဝက်ကျော်ကို ခိုင်မာတဲ့၊ ဥပဒေနဲ့ညီတဲ့ စွဲချက်တွေမရှိဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဟာ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးတာလည်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရေး နည်းလမ်းတွေကို နိုင်ငံတကာအသိုက်အဝန်းနဲ့သက်ဆိုင်သူတွေက အကြံပြုကြဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးမြန်းတိုက်တွန်းပါတယ်။

မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေကို အတင်းအကြပ်ပျောက်ကွယ်စေမှုများ ကျူးလွန်လျက်ရှိပြီး အာဏာသိမ်းပြီး ၈ လတာ ကာလအတွင်း စစ်တပ်က ၈,၉၈၁ ဦး ကျော် ဖမ်းဆီးခဲ့တယ်လို့ မြန်မာသံအမတ်ကြီးက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ တတိယကော်မတီမှာ မနေ့(အောက်တိုဘာ၁၈)က ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ထက်ဝက်ကျော်ကို ခိုင်မာတဲ့၊ ဥပဒေနဲ့ညီတဲ့ စွဲချက်တွေမရှိဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဟာ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးတာလည်းမရှိပါဘူး။

ကုလသမဂ္ဂရဲ့ အတင်းအကြပ်ပျောက်ကွယ် စေခြင်းမှ ကာကွယ်ပေးခြင်းဆိုင်ရာ ၁၉၉၂ ကြေညာစာတမ်းမှာ ဖော်ပြထားချက်အရ အခုလို မြန်မာစစ်တပ်ရဲ့ စနစ်တကျ ကျူးလွန်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အခြားပြစ်မှုတစ်ခုပင် ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကို ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။