Connect with us

Hi, what are you looking for?

News

ဖလမ်းမြို့နယ်က စစ်ကောင်စီတပ်စွဲခဲ့သည့် ရွာတစ်ရွာအိမ်ခြေ ၁၀၀ကျော်ဖောက်ထွင်းခံရ

အိမ်ခြေ ၁၆၀ကျော်ရှိသည့် အဆိုပါ ကျေးရွာရှိ ပြည်သူများသည် စစ်ကောင်စီတပ်များ ကျေးရွာသို့မရောက်မီကတည်းက ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ် တစ်ညအိပ်ခဲ့သည့် ဖလမ်းမြို့နယ်ရှိ ရမ်ထလိုကျေးရွာတွင် လူနေအိမ် ၁၀၀ ကျော်ဖောက်ထွန်းခံရကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ဖလမ်း- ဟားခါး ကြားရှိ ရမ်ထလိုရွာသို့ အောင်တိုဘာ ၁၉ရက်က ရောက်ရှိလာပြီး ရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ညအိမ်ခဲ့သည်ဟု ဆိုသည်။

“အဲဒီရွာက ဖလမ်းမြို့နယ်ဆိုပေမယ့် ဖလမ်းနဲ့ ဟားခါး အစပ်ရွာပေါ့။မနေ့က ညနေပိုင်းက သူတို့ရောက်ပြီးတော့ ဘုရားကျောင်း နှစ်ခုမှာ ညအိပ်တာ သူတို့က။ နေ့ခင်းပိုင်းလောက်မှာ သူတို့ ပြန်သွားကြတာ။ အိမ်ရှင်တွေဘယ်သူမှ မလာသေးဘူးဆိုတော့ ပစ္စည်းတွေဘာတွေပျောက်တယ်ဆိုတာ ကျွန်တော်တို့မသိရသေးဘူး။ ဖောက်တာက အိမ်ခြေ ၁၀၀ ကျော်လို့သိရတယ်” ဟု ချင်းဒေသခံက ပြောသည်။ စစ်ကောင်စီတပ်သည် အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်သွားသည်ဟု ဆိုသည်။

အိမ်ခြေ ၁၆၀ကျော်ရှိသည့် အဆိုပါ ကျေးရွာရှိ ပြည်သူများသည် စစ်ကောင်စီတပ်များ ကျေးရွာသို့မရောက်မီကတည်းက ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဖလမ်း – ဟားခါးလမ်းရှိ ရီရာလ်သီး၊ ထလန်ရောင် ကျေးရွာများသို့ ရောက်ရှိစဉ်ကလည်း ကျေးရွာရှိ ဘုရားကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ဘုရားကျောင်း အပါအဝင် အဆောက် အဦး ၂၄လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဖလမ်းမှ ဟားခါးသို့ အောက် တိုဘာ ၁၃ရက်ကတည်းက စစ်အင်အားများ ဖြည့်တင်းနေရာလမ်းတွင် ချင်းလက်နက်ကိုင်တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ဆေသုံးခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများကြောင့် ဖလမ်း -ဟားခါးလမ်းပိုင်းရှိ ကျေးရွာ ခုနစ်ရွာမှ ဒေသခံ ၃,၉၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။