Connect with us

Hi, what are you looking for?

News

ကျောက်ဆည်မှာ ရန်ကုန် − မန္တလေး ရထားလမ်းပိုင်း ပေါက်ကွဲမှုဖြစ်ပွား

ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းမှာ မကြာခဏဆိုသလို ဖောက်ခွဲခံရမှုတွေရှိခဲ့နေပါတယ်။

မန္တလေး ကျောက်ဆည်မြို့နယ်ထဲက ရှိ ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ မနက်ပိုင်းက ကျောက်ဆည်မြို့နယ် ထနောင်းပင်လှနဲ့မြင်ကဘက်ကျေးရွာကြားမှာရှိတဲ့ ရန်ကုန် -မန္တလေး ရထားသံလမ်း မိုင်တိုင် ၃၇၅မှာ ဖောက်ခွဲခံရတာပါ။

“ဖြစ်တာက မနက်၇နာရီလောက်ကပဲ ။ တံတားပေါ်မှာ ပေါက်ကွဲတာ။အစုန်ရထားတွေသွားတဲ့သံလမ်းပေါ့”ဟု ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ရထားသွားလာခြင်းမရှိတဲ့အတွက် လူထိခိုက်မှုတွေတော့မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် ရထားလမ်းပိုင်းပျက်စီးသွားတယ်လို့သိရပါတယ်။

ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းမှာ မကြာခဏဆိုသလို ဖောက်ခွဲခံရမှုတွေရှိခဲ့နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ရက်နေ့ကလည်း ကျောက်ဆည်မြို့နယ်အတွင်းက ရထားသံလမ်းပေါက်ကွဲမှုဖြစ်ပွားလို့ စစ်ကောင်စီတပ်ဖွဲ့များသွားရောက်ကြည့်စဉ် ထပ်မံပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ယခုလပိုင်းအတွင်း ကျောက်ဆည်ရှိ ရထားလမ်းပိုင်းဗုံးပေါက်ကွဲမှု ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook