Connect with us

Hi, what are you looking for?

News

ပြည်သူ့ကားများသွားလာမှုမပြုရန်သတိပေးထားသော ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ကုန်တင်ကားတစ်စီးမိုင်းထိပျက်စီး

“ကားသမား ဒဏ်ရာရသွားတယ်။ အရမ်းတော့မများဘူး။ ကားကတော့ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အရပ် သားများမထိခိုက်စေရေးအတွက် ကားများသွားလာခြင်းမပြုရန် ပြည့်ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည့် ကလေး – ဂန့်ဂေါလမ်းပိုင်းတွင် ယနေ့(အောက်တို ဘာ၂၅)မိုင်းပေါက်ကွဲခဲ့ပြီး ကုန်တင်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။

ယနေ့ ညနေ ၃နာရီခန့်က ကလေးမြို့ စည်သာကျေးရွာနှင့် နတ်မြောင်းကျေးရွာကြားတွင် မိုင်းပေါက်ကွဲခဲ့ပြီး ကုန်တင်ကားတစ်စီး ထိခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကားသမား ဒဏ်ရာရသွားတယ်။ အရမ်းတော့မများဘူး။ ကားကတော့ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကို ထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီက ပြင်ဆင်နေကြောင်းရာ ဒေသတွင်း၌ ခရီးသွားလာခြင်းများမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားကားများအား အသုံးပြုကာ အင်အားတိုးချဲ့ခြင်း၊ လက်နက်သယ်ဆောင်ခြင်းများပြုလုပ်နေသည်ဟု PDFနှင့် နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ​သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။