Connect with us

Hi, what are you looking for?

News

ပြည်သူ့ကားများသွားလာမှုမပြုရန်သတိပေးထားသော ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ကုန်တင်ကားတစ်စီးမိုင်းထိပျက်စီး

“ကားသမား ဒဏ်ရာရသွားတယ်။ အရမ်းတော့မများဘူး။ ကားကတော့ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အရပ် သားများမထိခိုက်စေရေးအတွက် ကားများသွားလာခြင်းမပြုရန် ပြည့်ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည့် ကလေး – ဂန့်ဂေါလမ်းပိုင်းတွင် ယနေ့(အောက်တို ဘာ၂၅)မိုင်းပေါက်ကွဲခဲ့ပြီး ကုန်တင်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။

ယနေ့ ညနေ ၃နာရီခန့်က ကလေးမြို့ စည်သာကျေးရွာနှင့် နတ်မြောင်းကျေးရွာကြားတွင် မိုင်းပေါက်ကွဲခဲ့ပြီး ကုန်တင်ကားတစ်စီး ထိခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကားသမား ဒဏ်ရာရသွားတယ်။ အရမ်းတော့မများဘူး။ ကားကတော့ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကို ထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီက ပြင်ဆင်နေကြောင်းရာ ဒေသတွင်း၌ ခရီးသွားလာခြင်းများမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားကားများအား အသုံးပြုကာ အင်အားတိုးချဲ့ခြင်း၊ လက်နက်သယ်ဆောင်ခြင်းများပြုလုပ်နေသည်ဟု PDFနှင့် နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။