Connect with us

Hi, what are you looking for?

LuduNwayOo

News

ဦးဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့နဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်အာဏာရှင်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆက်လက်ဖမ်းဆီးနေမှု တွေ၊ မတရားဖိနှိပ်နေမှုသတင်းတွေကြောင့် အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်သံရုံးက ဒီနေ့ (အောက်တိုဘာ ၂၅ ရက်)မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသောသူများကို ပြန်လွှတ်ပေးဖို့စစ်အာဏာရှင်တွေကို ဆက်လက်တိုက်တွန်းကြောင်းနဲ့ လုံလောက်တဲ့ဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ ဂုဏ်သိက္ခာနဲ့အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တောင်းဆိုကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့နဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်အာဏာရှင်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။