Connect with us

Hi, what are you looking for?

News

ဦးဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့နဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်အာဏာရှင်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆက်လက်ဖမ်းဆီးနေမှု တွေ၊ မတရားဖိနှိပ်နေမှုသတင်းတွေကြောင့် အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်သံရုံးက ဒီနေ့ (အောက်တိုဘာ ၂၅ ရက်)မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသောသူများကို ပြန်လွှတ်ပေးဖို့စစ်အာဏာရှင်တွေကို ဆက်လက်တိုက်တွန်းကြောင်းနဲ့ လုံလောက်တဲ့ဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ ဂုဏ်သိက္ခာနဲ့အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တောင်းဆိုကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့နဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်အာဏာရှင်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။