Connect with us

Hi, what are you looking for?

News

မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့ စတင်ဖွဲ့စည်း

ကျွန်မတို့သည်အာဏာသိမ်းခြင်းအားလက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ပြီးအမျိုးသားတွေနည်းတူ/တန်းတူ အာဏာရှင်ကိုတော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်မည်ဖြစ်ပြီး အနာဂါတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကိုမြှင့်တင်သွားမည်”ဟုMWWက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ခုခံတော်လှန်စစ် ဆင်နွှဲနေသော စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ Myaung Women Warriors -MWW စတင်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့က အသိပေးကြေညာလိုက်သည်။

ကျွန်မတို့သည် အမျိုးသမီးများ၊ ပုခက်လွှဲသောလက်များ ဖြစ်သည့်အပြင် အာဏာရှင်ကိုတော်လှန်နေသော အမျိုးသမီးများလည်းဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီမှမတရားအာဏာသိမ်းလိုက်သည့်နေမှစတင်ပြီး အမျိုးသမီးလူထုသည်လည်း သပိတ်ကြောင်းများပေါင်းစုံတွင် ကျားမ တန်းတူသပိတ်မှောက်ခြင်းမှစတင်ပြီး ယနေ့ကာလတွင် ယခုကဲ့သို့တိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့်အမျိုးသမီးများဖြစ်လာခဲ့ကြောင်း၊ MWW အဖွဲ့တွင် အမျိုးသမီးများဖြင့်ဖွဲစည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အသိပေးသည်။

“ကျွန်မတို့သည်အာဏာသိမ်းခြင်းအားလက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ပြီးအမျိုးသားတွေနည်းတူ/တန်းတူ အာဏာရှင်ကိုတော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်မည်ဖြစ်ပြီး အနာဂါတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကိုမြှင့်တင်သွားမည်”ဟုMWWက ထုတ်ပြန်သည်။

ကျွန်မတို့သည် အာဏာရှင်/အာဏာရူးကို ရွံမုန်းပြီးအမျိုးသမီးများအပေါ် ညှင်းပန်းနှိပ်စက် ဖျက်စီးနေခြင်းကိုလက်မခံကြောင်း၊ လူသားချင်းစာနာမှုမရှိသည့် လုပ်ရပ်များကိုလုပ်ဆောင်နေသော စစ်ကောင်စီအား အသက်ပေးပြီးခုခံတော်လှန်သွားမည်ဟုMyaung Women Warriors-MWW အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(မြောင်)က ကြေညာလိုက်သည်။

Public Service Announcement

Public Service Announcement

ဓါတ်ပုံ-MWW

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။