Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့ စတင်ဖွဲ့စည်း

ကျွန်မတို့သည်အာဏာသိမ်းခြင်းအားလက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ပြီးအမျိုးသားတွေနည်းတူ/တန်းတူ အာဏာရှင်ကိုတော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်မည်ဖြစ်ပြီး အနာဂါတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကိုမြှင့်တင်သွားမည်”ဟုMWWက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ခုခံတော်လှန်စစ် ဆင်နွှဲနေသော စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ Myaung Women Warriors -MWW စတင်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့က အသိပေးကြေညာလိုက်သည်။

ကျွန်မတို့သည် အမျိုးသမီးများ၊ ပုခက်လွှဲသောလက်များ ဖြစ်သည့်အပြင် အာဏာရှင်ကိုတော်လှန်နေသော အမျိုးသမီးများလည်းဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီမှမတရားအာဏာသိမ်းလိုက်သည့်နေမှစတင်ပြီး အမျိုးသမီးလူထုသည်လည်း သပိတ်ကြောင်းများပေါင်းစုံတွင် ကျားမ တန်းတူသပိတ်မှောက်ခြင်းမှစတင်ပြီး ယနေ့ကာလတွင် ယခုကဲ့သို့တိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့်အမျိုးသမီးများဖြစ်လာခဲ့ကြောင်း၊ MWW အဖွဲ့တွင် အမျိုးသမီးများဖြင့်ဖွဲစည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အသိပေးသည်။

“ကျွန်မတို့သည်အာဏာသိမ်းခြင်းအားလက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ပြီးအမျိုးသားတွေနည်းတူ/တန်းတူ အာဏာရှင်ကိုတော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်မည်ဖြစ်ပြီး အနာဂါတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကိုမြှင့်တင်သွားမည်”ဟုMWWက ထုတ်ပြန်သည်။

ကျွန်မတို့သည် အာဏာရှင်/အာဏာရူးကို ရွံမုန်းပြီးအမျိုးသမီးများအပေါ် ညှင်းပန်းနှိပ်စက် ဖျက်စီးနေခြင်းကိုလက်မခံကြောင်း၊ လူသားချင်းစာနာမှုမရှိသည့် လုပ်ရပ်များကိုလုပ်ဆောင်နေသော စစ်ကောင်စီအား အသက်ပေးပြီးခုခံတော်လှန်သွားမည်ဟုMyaung Women Warriors-MWW အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(မြောင်)က ကြေညာလိုက်သည်။

Public Service Announcement

Public Service Announcement

ဓါတ်ပုံ-MWW

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

​အောက်တိုဘာ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းအား မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်ခြင်း ခံခဲ့ရသေးသည်။

သတင်း

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

သတင်း

အောင်မြေသာစံမြို့နယ်က နေအိမ်မှာ မနေ့ နေ့ခင်းပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ ဒေါ်နွယ်နွယ်ဝင်းနဲ့နီးစပ်သူတစ်ဦးကအတည်ပြုပါတယ်။