Connect with us

Hi, what are you looking for?

News

မန္တလေး ကညန ရုံးရှေ့ ပေါက်ကွဲမှုထပ်ဖြစ် ၊ ဆိုင်ကယ်တွေမီးလောင်ပျက်စီး

စစ်တပ်က အာဏသိမ်းပြီးနောက် မန္တလေးတိုင်းကညနရုံးအနီးမှာ မကြာခဏဆိုသလိုပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။

မန္တလေးတိုင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန)ရုံးရှေ့မှာ ဒီနေ့ မနက် ၁၁ နာရီလောက် က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ကညန ရုံးရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်အများစု မီးလောင်ပျက်ဆီးတာတွေ့ရပါတယ်။

စစ်တပ်က အာဏသိမ်းပြီးနောက် မန္တလေးတိုင်းကညနရုံးအနီးမှာ မကြာခဏဆိုသလိုပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ လက ပေါက်ကွဲမှုဖြစ်စဉ်မှာဆို လူ၅ ဦးလောက်ဒဏ်ရာရခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးအခွန်အခရအောင် ကိုဗစ်ကြောင့်ပိတ်ထားတဲ့ ကညန ရုံးတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။