Connect with us

Hi, what are you looking for?

News

ထန်တလန်အတွက် စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မည်ဟု YDFထုတ်ပြန်

ထန်တလန်မြို့အား လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီကို မဟာမိတ်တပ်ဖွဲ့များဖြင့် လက်တွဲကာ ပြင်းပြင်းထန်ထန် တော်လှန်တုန့်ပြန်သွားမည်ဟု Yaw Defense Force (YDF)က ထုတ်ပြန်သည်။

ထန်တလန်မြို့အား မီးရှို့သည့် အကြမ်းဖက်စစ်ကောင်စီ ၏လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်းနှင့်ပြည်သူများ ၏ အသက်အိုးအိမ် လုံခြုံရေးအတွက်မဟာမိတ်တပ်ဖွဲ့များဖြင့် လက်တွဲကာ ပြင်းပြင်းထန်ထန် တော်လှန်တုန့်ပြန်သွားမည်ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF)က အောက်တိုဘာ ၃၀ရက် ညနက်ပိုင်းတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၉ ရက် နံနက် ၁၀နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ထန်တလန်မြို့အပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သော လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ စစ်ကောင်စီအကြမ်းဖက်အဖွဲ့၏လက်နက်ကြီးများ ထိမှန်ပျက်စီးခဲ့သောထန်တလန်မြို့ရှိ နှစ်ခြင်းအသင်းတော် (၄) ထပ် အဆောက်အအုံအပါဝင် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း နှင့် ထန်တလန်နေ ပြည်သူတို့၏ အိုအိမ်း ၂၀၀ကျော် မီးလောင်၍ ပျက်စီးဆုံးရှုံးရခြင်းအပေါ် လွန်စွာစိတ်မကောင်းဖြစ်၍ ထပ်တူထပ်မျှ ခံစားရပါကြောင်း YDFက ထုတ်ပြန်ထားသည်။

ပြည်သူများအပေါ် လက်နက်အားကိုးကာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေကြသည့် စစ်ကောင်စီအကြမ်း ဖက်တပ်ဖွဲ့ဝင်များအား မိမိတို့ပြည်သူများ၏အသက်အိုးအိမ် လုံခြုံရေးအတွက် သက်ဆိုင်ရာ ဒေသကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့များဖြင့် လက်တွဲကာ ပြင်းပြင်း ထန်ထန် တော်လှန်တုန့်ပြန်သွားပါမည်ဟု ကြေငြာချက်ထုတ်ပြန်ထားသည်။

ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့သော မြန်မာစစ်တပ် ၏ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင် အစီရင်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook