ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယမန်နေ့(အောက်တိုဘာ၃၁)က ခုခံတိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။
KIA တပ်မဟာ(၂)၊ တပ်ရင်း (၄၃) နယ်မြေ တနိုင်းဒေသသို့ စစ်ကောင်စီ၏ ခလရ(၂၉၇)တပ်မှ စစ်အသုံး အဆောင်ပစ္စည်းများ တင်ဆောင်ပြီး စစ်ရေးလှုပ်ရှားလာချိန်တွင် KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ တနိုင်းဒေသတွင် စက်တင်ဘာကတည်းက KIAနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။
အောက်တိုဘာ ၃၀ရက်က ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင်လည်း KIA အနေဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် အတူပူးပေါင်းပါဝင်ခဲ့သည်။ ကသာမြို့နယ် ရေနီကျေးရွာမှ မိုးတားကျေးရွာအတွင်း အင်အား ၁၀၀ကျော်ဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်များကို KIAနှင့် PDF ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၃၁ရက် စစ်ရေးသတင်း ဖော်ပြချက်၌ တွေ့ရသည်။

Public Service Announcement


















































