Connect with us

Hi, what are you looking for?

News

ရန်ကုန်− မန္တလေးရထားလမ်းပိုင်းပေါက်ကွဲမှုဖြစ်လို့သွားစစ်တဲ့စစ်ကောင်စီတပ် ပေါက်ကွဲမှုနဲ့ထပ်ကြုံ

ပေါက်ကွဲမှု ဖြစ်တာကတော့ ကျောက်ဆည်မြို့ ၊ထနောင်းလှ ကျေးရွာ နားက ရန်ကုန် − မန္တလေး ရထားလမ်းပိုင်းမှာ ဒီနေ့မနက် ၆ နာရီခွဲလောက်က ဖြစ်ခဲ့တာပါ။

ဗိုလ်ကြီး ၁ ဦး ၊ ဒုရဲအုပ် နဲ့ ရဲတပ်ကြပ် တို့ ဒဏ်ရာရ ဗိုလ်ကြီးစိုးရိမ်ရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ထဲက ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားလို့ စစ်ကောင်စီတပ်တွေသွားရောက်စစ်ဆေးချိန်မှာ ထပ်မံပေါက်ကွဲမှုနဲ့ကြုံပြီး ဗိုလ်ကြီးအဆင့် ရှိသူအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှု ဖြစ်တာကတော့ ကျောက်ဆည်မြို့ ၊ထနောင်းလှ ကျေးရွာ နားက ရန်ကုန် − မန္တလေး ရထားလမ်းပိုင်းမှာ ဒီနေ့မနက် ၆ နာရီခွဲလောက်က ဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်ကြီး ၁ ဦး ဦးခေါင်း ဒဏ်ရာရသွားသလို ၊ကျောက်ဆည်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်တို့လည်း ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသွားသူတွေထဲ ဗိုလ်ကြီးအဆင့်ရှိသူကတော့ စိုးရိပ်ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

Facebook