Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံ လေတပ် လုံခြုံရေးဂိတ်ပစ်ခတ်ခံရ၊ လေတပ်သားနှစ်ဦးသေဆုံး

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရန်ကုန်-ပြည်လမ်းမကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး ဆိုင်ကယ် ကယ်ရီဂိတ်များကိုလည်း စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အနန်းပင်ရပ်ကွက်၊ ခရေပင်ရိပ်မွန်လမ်းရှိ လေတပ်လုံခြုံရေးဂိတ်ကို ယနေ့ (နိုဝင်ဘာ၇ရက်)နေ့လည် ၂ နာရီကျော်က အမည်မသိ လူအချို့ လာရောက်ပစ်ခတ်ခဲ့ရာ လေတပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခရေပင်ရိပ်မွန်အိမ်ရာနားက လေတပ်လုံခြုံရေးဂိတ်ကို ပစ်သွားတာလို့ သိရပါတယ်။ လေတပ်သား နှစ်ဦး သေဆုံးပြီးနှစ်ဦး ဒဏ်ရာ ရတယ်လို့တော့ သိရပါတယ်။ အခုတော့ စစ်ဆေးရေးတွေ တင်းကြပ်နေပါတယ် ” ဟု မဂ်လာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရန်ကုန်-ပြည်လမ်းမကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး ဆိုင်ကယ် ကယ်ရီဂိတ်များကိုလည်း စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့တွင် ရန်ကုန်မြို့၌ မဂ်လာဒုံမြို့နယ်အပါအဝင် မရမ်းကုန်းမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့တို့တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

နိုင်ငံတကာ

ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ် ပျက်ကျမှုကြောင့် လေတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က အတည်ပြုခဲ့ပါတယ်။