Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကသဖန်းဆိပ်ဆည်အနောက်ပိုင်းတွင် PDFလွတ်မြောက်နယ်မြေရှိသည်အထင်နှင့်ဖိတိုက်၊ ဒေသခံပြည်သူ ၄၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေရ

“စစ်တပ်လုပ်ပေါက်က တော်တော် လူမဆန်တာ။ရွာတစ်ရွာကို ဝင်ကာနီး အမြောက်နဲ့ အရင်ထုတာ။ မနိုင်ဘူးထင်တဲ့နေရာ‌တွေကို အပေါ်ကနေ(ရဟတ်ယာဥ်ဖြင့်)ဗုံးကျဲတယ်။
အခုဆို ရွာတွေကို စွန့်ပြီး ပြေးရတာအရပ်သား လေးထောင်ကျော်နေပြီ” ဟု ဒေသတစ်ဦးကပြောသည်။

သဖန်းဆိပ်ဆည်အနောက်ပိုင်း ကျေးရွာများတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF) လွတ်မြောက်နယ်မြေရှိသည်ဟုတလွဲယုံကြည်နေသည့်အာဏာသိမ်းစစ်ကောင်စီတပ်ကကျွန်းလှမြို့နယ်ကို လေးဘက်လေးတန်မှ ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။

ကျွန်းလှမြို့နယ်တွင် ပါဝင်ပြီး သဖန်းဆိပ်ဆည်အနောက်ဘက်ပိုင်းကျေးရွာများဖြစ်သော အင်တိုင်း၊အင်လှ၊ကျွဲတဲ၊အေးချမ်းသာ၊လိပ်ဆင်းတောင်၊တပူတော၊ပေပင်ချောင်၊ ဥသျှစ်ကုန်းနှင့်မြနှစ်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ကအင်းအားအများအပြားဖြင့် မွှေနှောက်စစ်ဆေးနေသည်ဟုဒေသခံများကပြောသည်။

“စစ်တပ်လုပ်ပေါက်က တော်တော် လူမဆန်တာ။ရွာတစ်ရွာကို ဝင်ကာနီး အမြောက်နဲ့ အရင်ထုတာ။ မနိုင်ဘူးထင်တဲ့နေရာ‌တွေကို အပေါ်ကနေ(ရဟတ်ယာဥ်ဖြင့်)ဗုံးကျဲတယ်။
အခုဆို ရွာတွေကို စွန့်ပြီး ပြေးရတာအရပ်သား လေးထောင်ကျော်နေပြီ” ဟု ဒေသတစ်ဦးကပြောသည်။

နိုဝင်ဘာ ၆ရက်ကတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ၃၁ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု PDFတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်းလှကို တော်တော် ‌ရှိန်နေတယ်ထင်တယ်။ ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးတာ။ အထူးသဖြင့်တော့ သဖန်းဆိပ်ဆည်အနောက်ပိုင်းရွာတွေကို ဝိုင်းတာ။ အမှန်တကယ်က ဒီမှာ PDF လွတ်မြောက်နယ်မြေမရှိပါဘူး။ ရသလိုတော်လှန်တာမျိုးပါပဲ” ဟု အထက်ပါ PDFတပ်ဖွဲ့ဝင်ကဆက်ပြောသည်။

ယနေ့(နိုဝင်ဘာ ၇)တွင်လည်း စစ်ကောင်စီကလက်နက်ကြီးများဖြင့် ရမ်းသန်း၍ဆက်လက်ပစ်ခတ်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ပြောက်ကျားနည်းဖြင့် ခုံခံတိုက်ခိုက်နေသည်ဟု ကိုယ်တိုင်တိုက်ပွဲဝင်နေသူအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ