Connect with us

Hi, what are you looking for?

LuduNwayOo

News

တစ်ရက်အတွင်း စစ်​​ကောင်စီပစ်မှတ်ငါးခုကိုတိုက်ခိုက်ခဲ့​သော​မုံရွာ​​ပျောက်ကျားတပ်ဖွဲ့များ

“ဆည်မြောင်းရုံးနား အစစ်ခံရတယ်။ဖုန်းကိုစစ်တော့ ဖုန်းထဲရှင်းထားတော့ ဘာ appမရှိ၊ ဓာတ်ပုံမရှိ၊ ဘာ data မှမရှိလို့ ရစ်ခံရတယ်။ နရင်းလဲအုပ်ခံရ အကုန်အစုံပါတာတောင် ဆိုင်ကယ်လေချိန်တာ လေပေါင်မပြည့်လို့ဆိုပြီး ဒဏ်ကြေး၃သောင်းတောင်းလို့ ဆောင်ခဲ့ရတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့တစ်ရက်တည်း ဒလန်လုပ်ကြံခံရမှု၊ စစ်တပ်ပိုင် Ruby စီးကရက်ရုံးဖောက်ခွဲခံရမှု၊စစ်ကောင်စီတပ်များ၏ ကင်းတဲတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရမှုနှင့် စစ်တပ်စခန်းချရာ ဆည်​မြောင်းရုံးတိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၈ ရက် နံနက်ခင်းပိုင်းက မုံရွာမြို့ ရတနာပုံကျောက်ကျင်းမှ ဒလန်ဖြစ်သော ဦးအောင်သောင်း(ခ)မွတ်တားကို လုပ်ကြံတိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် လက်နက်မပြည့်စုံမှုကြောင့် ထိုလူသည် ဒဏ်ရာများစွာ ရကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ တူမီးဒဏ်ရာရသွားသူအဆိုပါလူအား ဆက်လက်တိုက်ခိုက်ရန်လုပ်သော်လည်း ရဲဘော်များ၏ လုံခြုံရေးကြောင့် တပ်ပြန်ဆုတ်ခဲ့ရကြောင်း မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

ညနေ (၄)နာရီ(၅)မိနစ်အချိန်တွင်လည်း မုံရွာမြို့၊ ဗိုလ်​​တေဇလမ်းပေါ်ရှိ Ruby ဆေးလိပ်ရုံးခွဲတစ်ခုအား အသံဗုံးဖြင့် သတိပေးဖောက်ခွဲခဲ့ပြီးအဆိုပါ Ruby ဆေးလိပ်ရုံးခွဲသည် ​​စစ်ကောင်စီထောက်တိုင်ဖြစ်နေသောကြောင့် ပထမဆုံးအနေဖြင့် သတိပေး ဖောက်ခွဲရခြင်းဖြစ်ကြောင်း MONYWA YOUNG PEOPLE GROUP (M Y P G) က အသိပေးသည်။ Rubyရုံးအနေဖြင့် ဆက်လက်လုပ်ကိုင်နေပါက ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို အာမခံချက်ပေးနိုင်မည် မဟုတ်ကြောင်း MYPGက သတိပေးသည်။

ည ၁၀နာရီ ၅၂မိနစ် အချိန်တွင်လည်း စစ်ကောင်စီတပ်များရှိနေသော မုံရွာ မအူ မုဒ်‌ပေါက်ကို အဖွင့်မိုင်း ၁၀ လုံးနှင့် မုံရွာ UG များဖြစ်သည့် Monywa Ranger group နှင့် Chindwin attack force ခရိုင် တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

မအူ မုဒ်ပေါက်ရှိ ကင်းတဲမှ စစ်ကောင်စီတပ်သားများက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း PDF အဖွဲ့များ ဘေးကင်းလုံခြုံ အထိအခိုက် ကင်းစွာဖြင့် ပျောက်ကျားစနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ၎င်းတို့ကပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီတပ်အထိ့အနာဆုံးမှာ စစ်​ကောင်စီတပ်သားစခန်းချ​နေ​သော ဆည်​မြောင်းရုံးကို မုံရွာမြို့မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကပူး​ပေါင်း၍ မိုင်းခွဲတိုက်ခိုက်ပြီး​နောက်​သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ စစ်​ကောင်စီတပ်သား ၄ ဦး​သေဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များဘက်မှာ မစိုးရိမ်ရဒဏ်ရာအနည်းငယ်သာရရှိခဲ့​ကြောင်းသိ့ရသည်။ထို​ကြောင့် မြို့ပျ​ပျောက်ကျားတပ်ဖွဲ့များက စစ်​ကောင်စီ၏ ပစ်မှတ် ၅ ခုကို တစ်ရက်အတွင်းတိုက်ခိုင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ​ဖြစ်စဥ်များကြောင့် ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်ခင်းပိုင်းမှစတင်ကာ မုံရွာမြို့တွင်း စစ်ဆေးမှုများ ကြမ်းတမ်းနေကြောင်း မြို့ခံများက ပြောသည်။

“ဆည်မြောင်းရုံးနား အစစ်ခံရတယ်။ဖုန်းကိုစစ်တော့ ဖုန်းထဲရှင်းထားတော့ ဘာ appမရှိ၊ ဓာတ်ပုံမရှိ၊ ဘာ data မှမရှိလို့ ရစ်ခံရတယ်။ နရင်းလဲအုပ်ခံရ အကုန်အစုံပါတာတောင် ဆိုင်ကယ်လေချိန်တာ လေပေါင်မပြည့်လို့ဆိုပြီး ဒဏ်ကြေး၃သောင်းတောင်းလို့ ဆောင်ခဲ့ရတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။