Connect with us

Hi, what are you looking for?

News

မကွေးတိုင်းရှိ လွှတ်တော်အမတ်နှင့် အမတ်ဟောင်း သုံးဦး၏ နေအိမ်များကို စစ်ကောင်စီချိတ်ပိတ်

“ဒီအိမ်တွေကို မကျူးကျော်ရ အရောင်းအဝယ် မပြုလုပ်ရဆိုပြီး ဗွီနှိုင်းတွေ ကပ်သွားတယ်။ ဒါမျိုးတွေလုပ်နေတာ။ ဒါဟာ လုံး၀ မတရားလုပ်တဲ့ဖြစ်ရပ်တစ်ခုပဲ ဥပဒေမဲ့ လုပ်ရပ်”ဟု ဦးထွန်းထွန်းက PS သို့ ပြောသည်။

မကွေးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်းနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တို့၏ နေအိမ်များကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာစရက်) ချိတ်ပိတ်လိုက်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းက ပြောသည်။

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နှင့် မင်းလှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲထွန်းဇော်တို့၏ နေအိမ်များကို PDFနှင့် ဆက်သွယ်ပတ်သက် သည်ဟုဆိုကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီအိမ်တွေကို မကျူးကျော်ရ အရောင်းအဝယ် မပြုလုပ်ရဆိုပြီး ဗွီနှိုင်းတွေ ကပ်သွားတယ်။ ဒါမျိုးတွေလုပ်နေတာ။ ဒါဟာ လုံး၀ မတရားလုပ်တဲ့ဖြစ်ရပ်တစ်ခုပဲ ဥပဒေမဲ့ လုပ်ရပ်”ဟု ဦးထွန်းထွန်းက PS သို့ ပြောသည်။

ဦးထွန်းထွန်းသည် မတ်လ ၉ရက်ကတည်းက ဖမ်း၀ရမ်းထုတ်ခံထားရသူဖြစ်ပြီး ၎င်းကို ဖမ်းမရ၍ဟုဆိုကာ ဇနီးဖြစ်သူကို ဖမ်းဆီးပြီး အမှုဖွင့်ထားခံရသည်။

Public Service Announcement

Public Service Announcement

“ အဲဒီကတည်းက ကိုယ့်ရပ်၊ကိုယ့်ရွာ ကိုယ့်အိမ်ကို ပြန်လို့မရဘူး။ ၅၀၅ နဲ့ ဖမ်း၀ရမ်းထုတ်ခံထားရတဲ့ သူတစ်ယောက်က PDFနဲ့ ပတ်သက်တယ်ဆိုပြီးမှ ဒီလိုစွပ်စွဲပြီးတော့ အိမ်ကိုချိတ်ပိတ်တာ။ ပြည်သူတစ်ယောက်ရဲ့ ပိုင်ဆိုင်တဲ့အိမ်ကို မတရားသိမ်းဆည်းတာ။ ဒါကတော့ မတရားအဓမ္မပြုကျင်တယ်လို့ ပြောချင်တယ်” ဟု ဦးထွန်းထွန်းက ပြောသည်။

စစ်ကိုင်း၊ ပဲခူးနှင့် ဧရာ၀တီတိုင်းအပါအဝင် ဒေသအသီးသီးရှိ လွှတ်တော်အမတ်များ ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီက မတရားသဖြင့် ယခုကဲ့သို့ ချိတ်ပိတ်ခြင်း လုပ်ဆောင်ခဲ့ပြီး ထပ်မံလုပ်ဆောင်မည့် အခြေအနေများလည်း ကြားသိနေရကြောင်း ၎င်းကဆိုသည်။

“ဒီလိုကာလမှာ နိုင့်ထက်စီးနင်းလုပ်နေတာတွေက သိတဲ့အတိုင်းပဲ ၊ မတရားဖမ်းဆီးတယ်။ မတရားနှိပ်စက်တယ်။ မတရား စွပ်စွဲတယ်။ မတရား သိမ်းဆည်းတယ်။ ဒါမျိုးဖြစ်စဉ်တွေက အများကြီးဖြစ်လာတယ်။ ဒါတွေဟာ ကမ္ဘာ့ကတောင် သိနေတဲ့ အနေအထားမျိုးမှာ သူတို့ ရှေ့ဆက်ပြီး မိုက်မယ်ဆိုရင် အဆုံးမှာတော့ သူတို့ တွင်းနက်နက်ထဲ ကျဖို့ပဲရှိပါတယ်” ဟု ဦးထွန်းထွန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ Black Dragon Force(BDF)အထူးလှုပ်ရှားတပ် တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာစစ်တပ်က ဒီက​နေ့မနက်မှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ကပြောပါတယ်။

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Facebook