Connect with us

Hi, what are you looking for?

LuduNwayOo

News

မကွေးတိုင်းရှိ လွှတ်တော်အမတ်နှင့် အမတ်ဟောင်း သုံးဦး၏ နေအိမ်များကို စစ်ကောင်စီချိတ်ပိတ်

“ဒီအိမ်တွေကို မကျူးကျော်ရ အရောင်းအဝယ် မပြုလုပ်ရဆိုပြီး ဗွီနှိုင်းတွေ ကပ်သွားတယ်။ ဒါမျိုးတွေလုပ်နေတာ။ ဒါဟာ လုံး၀ မတရားလုပ်တဲ့ဖြစ်ရပ်တစ်ခုပဲ ဥပဒေမဲ့ လုပ်ရပ်”ဟု ဦးထွန်းထွန်းက PS သို့ ပြောသည်။

မကွေးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်းနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တို့၏ နေအိမ်များကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာစရက်) ချိတ်ပိတ်လိုက်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းက ပြောသည်။

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နှင့် မင်းလှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲထွန်းဇော်တို့၏ နေအိမ်များကို PDFနှင့် ဆက်သွယ်ပတ်သက် သည်ဟုဆိုကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီအိမ်တွေကို မကျူးကျော်ရ အရောင်းအဝယ် မပြုလုပ်ရဆိုပြီး ဗွီနှိုင်းတွေ ကပ်သွားတယ်။ ဒါမျိုးတွေလုပ်နေတာ။ ဒါဟာ လုံး၀ မတရားလုပ်တဲ့ဖြစ်ရပ်တစ်ခုပဲ ဥပဒေမဲ့ လုပ်ရပ်”ဟု ဦးထွန်းထွန်းက PS သို့ ပြောသည်။

ဦးထွန်းထွန်းသည် မတ်လ ၉ရက်ကတည်းက ဖမ်း၀ရမ်းထုတ်ခံထားရသူဖြစ်ပြီး ၎င်းကို ဖမ်းမရ၍ဟုဆိုကာ ဇနီးဖြစ်သူကို ဖမ်းဆီးပြီး အမှုဖွင့်ထားခံရသည်။

Public Service Announcement

Public Service Announcement

“ အဲဒီကတည်းက ကိုယ့်ရပ်၊ကိုယ့်ရွာ ကိုယ့်အိမ်ကို ပြန်လို့မရဘူး။ ၅၀၅ နဲ့ ဖမ်း၀ရမ်းထုတ်ခံထားရတဲ့ သူတစ်ယောက်က PDFနဲ့ ပတ်သက်တယ်ဆိုပြီးမှ ဒီလိုစွပ်စွဲပြီးတော့ အိမ်ကိုချိတ်ပိတ်တာ။ ပြည်သူတစ်ယောက်ရဲ့ ပိုင်ဆိုင်တဲ့အိမ်ကို မတရားသိမ်းဆည်းတာ။ ဒါကတော့ မတရားအဓမ္မပြုကျင်တယ်လို့ ပြောချင်တယ်” ဟု ဦးထွန်းထွန်းက ပြောသည်။

စစ်ကိုင်း၊ ပဲခူးနှင့် ဧရာ၀တီတိုင်းအပါအဝင် ဒေသအသီးသီးရှိ လွှတ်တော်အမတ်များ ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီက မတရားသဖြင့် ယခုကဲ့သို့ ချိတ်ပိတ်ခြင်း လုပ်ဆောင်ခဲ့ပြီး ထပ်မံလုပ်ဆောင်မည့် အခြေအနေများလည်း ကြားသိနေရကြောင်း ၎င်းကဆိုသည်။

“ဒီလိုကာလမှာ နိုင့်ထက်စီးနင်းလုပ်နေတာတွေက သိတဲ့အတိုင်းပဲ ၊ မတရားဖမ်းဆီးတယ်။ မတရားနှိပ်စက်တယ်။ မတရား စွပ်စွဲတယ်။ မတရား သိမ်းဆည်းတယ်။ ဒါမျိုးဖြစ်စဉ်တွေက အများကြီးဖြစ်လာတယ်။ ဒါတွေဟာ ကမ္ဘာ့ကတောင် သိနေတဲ့ အနေအထားမျိုးမှာ သူတို့ ရှေ့ဆက်ပြီး မိုက်မယ်ဆိုရင် အဆုံးမှာတော့ သူတို့ တွင်းနက်နက်ထဲ ကျဖို့ပဲရှိပါတယ်” ဟု ဦးထွန်းထွန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။