Connect with us

Hi, what are you looking for?

News

မြန်မာစစ်အာဏာရှင်တွေကို ပိတ်ဆို့အရေးယူရေးအပါအဝင် မြန်မာ့အရေးဆုံးဖြတ်ချက် ချမှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီကို NUG တောင်းဆို

မြန်မာနိုင်ငံအခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ရှေ့နေထံ လွှဲပြောင်း ပေးရမယ်လို့လည်း လုံခြုံရေးကောင်စီကို NUG က တောင်းဆိုပါတယ်။

တရားမဝင် စစ်အာဏာရှင်တွေကို ဦးတည်ချမှတ်တဲ့ပိတ်ဆို့အရေးယူမှုတွေအပါအဝင် မြန်မာ့နိုင် ငံဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမျိုးသားညီညွတ်ရေးအ စိုးရ NUG တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကို ပေးပို့တဲ့ NUG ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းတောင်းဆိုတာဖြစ်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ပေးရမယ်လို့ ဆိုပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံကို လက်နက်များတင်ပို့ရောင်းချမှုနဲ့ ရည်ရွယ်ချက်နှစ်မျိုး သုံး နိုင်တဲ့ နည်းပညာတွေ ရောင်းချခြင်းကို ပိတ်ပင်တားဆီးဖို့၊ စစ်အာဏာရှင်တွေဆီ ငွေကြေးစီးဆင်း တာ ဖြတ်တောက်ဖို့၊ ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ တာဝန်ခံမှုရှိစေရေးလုပ်ဆောင်ဖို့ အချက်တွေ ပါဝင်ရမယ်လို့ NUG က တောင်းဆိုပါ တယ်။

ဒါ့အပြင် COVID-19 ကာကွယ်ဆေးများ၊ ဆေးဝါးများ နဲ့ အထောက်အပံ့များ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူ များကို အကန့်အသတ်မရှိ ပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ဖို့၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေဖို့ အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ရှေ့နေထံ လွှဲပြောင်း ပေးရမယ်လို့လည်း လုံခြုံရေးကောင်စီကို NUG က တောင်းဆိုပါတယ်။

တချိန်တည်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အာဆီယံတူညီဆန္ဒ ၅ ချက် ကို အကောင်အထည်ဖော်နေတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ပံ့အားပေးရမယ်လို့ တိုက်တွန်းပါတယ်။

နောက်ပြီး ကုလသမဂ္ဂမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင် ကိုယ်စားပြုမှုရှိတဲ့ အစိုးရ အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုဖို့နဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာနိုင်ဖို့ ချက်ချင်းစတင်လုပ်ဆောင်ရမယ်လို့ NUG က တောင်းဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။