Connect with us

Hi, what are you looking for?

News

မတူပီ -ပလက်၀နယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ်၆ဦးသေ၊ CDFတပ်သားတစ်ဦးဒဏ်ရာရ

မတူပီ – ပလက်၀ လမ်းတွင် အောက်တိုဘာ ၃၀ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားနေရာ ယခင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၀ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ပလက်၀မြို့နယ် အစပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၆ဦး သေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၀ရက် မနက်ပိုင်းက မတူပီ – ပလက်၀ အစပ် ဒီလောင်ကုန်းရွာ (က)နှင့် (ခ) အကြား တွင် မတူပီ CDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ကျဆုံးသူ မရှိကြောင်း ဖော်ပြသည်။

မတူပီ – ပလက်၀ လမ်းတွင် အောက်တိုဘာ ၃၀ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားနေရာ ယခင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၀ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး၌ စစ်ရေးအခြေအနေ တည်ငြိမ်နေသော်လည်း ချင်းပြည်နယ် တောင်ပိုင်း မတူပီ – ပလက်၀ နယ်စပ်နှင့် မင်းတပ် – မတူပီ ကာလမ်း မင်းတပ်အထွက်၌ ဒေသခံ CDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုများရှိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလဆန်းမှစ၍ စစ်ကောင်စီတပ်က အနော်ရထာ စစ်ဆင်ရေး အမည်ဖြင့် ထိုးစစ်ဆင်မှု လုပ်ဆောင်နေရာ ချင်းပြည်နယ်ရှိ မြို့နယ် ၉ခုအနက် မြို့နယ် ၇ခု၌ တိုက်ပွဲ ဖြစ်ပွားမှုများရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ပြည်သူများသတိထား နေထိုင်သွားလာကြရန် မေတ္တာရပ်ခံထားကြောင်း ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။