Connect with us

Hi, what are you looking for?

News

CDMဗိုလ်မှူးတစ်ဦး​ဆောင်သည့် PSDF တပ်ဖွဲ့စည်း

CDM တပ်မတော်သားတစ်ဦးဖြစ်သည့် ဗိုလ်ကြီးညီသုတ၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း အထက်ပါအကြောင်း အရာကို မျှဝေခဲ့သည်။

ပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှားမှု(CDM)လုပ်ထားတဲ့ တပ်မတော်သားများ ပါဝင်သောPeople Soldiers’ Defense Forceကို CDM တပ်မတော်သားဗိုလ်မှူးတစ်ဦးက ဦးဆောင်ဖွဲ့စည်းကြောင်း ယမန်နေ့(နိုဝင်ဘာ ၁၄ရက်) ကြေညာသည်။

CDM တပ်မတော်သားတစ်ဦးဖြစ်သည့် ဗိုလ်ကြီးညီသုတ၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း အထက်ပါအကြောင်း အရာကို မျှဝေခဲ့သည်။

“CDM တပ်မတော်သား ဗိုလ်မှူးဦးဆောင်တဲ့ People Soldiers’ Defense Force …။ ပြည်သူတွေအတွက် အင်အားတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ PSDF အောင်မြင်ပါစေ “ဟု ၎င်းက ထပ်ဆင့်ရေးသားထားသည်။

P.S.D.F-PEOPLE SOLDIERS’ DEFENSE FORCE ၏ ရည်ရွယ်ချက်များအရ စစ်အာဏာရှင်ကို တိုက်ထုတ်ရန် အတွက် CDM တပ်မတော်သားများပါဝင်သော တိုက်ခိုက်ရေး အင်အားစုများ စနစ်တကျ စုဖွဲ့ရန်ပါဝင်သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် လက်တွဲ၍ စစ်ဆင်ရေး ရည်မှန်းချက်များလည်း အကောင် အထည်ဖော်မည်ဟု ဆိုသည်။

အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးတွင် ပါဝင် ကူညီ အားဖြည့်မည်ဟု P.S.D.F က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။