Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူ ၁၅၀၀၀ ကျော်ရှိပြီလို့ OCHA ထုတ်ပြန်

ဒီလအစပိုင်းမှာ ချင်းပြည်နယ် မတူပီ၊ ထန်တလန်နဲ့ ပလက်၀မြို့နယ်တွေမှာ လူဦးရေ ၅၂၀၀ ခန့် ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ လူပေါင်းများစွာဟာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့တယ်လို့ OCHA က အစီရင်ခံပါတယ်။

(အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မီးရှို့ဖျက်ဆီးမှု​ကြောင့် ထန်တလန်ပြည်သူများ ​နေရပ်စွန့်ခွာ​နေကြသည်ကို စက်တင်ဘာလက ​တွေ့ရစဥ်၊ ဓာတ်ပုံ - The Hakha Time)

အကြမ်းဖက်စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီကစလို့ လက်ရှိအချိန်အထိ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူ ၁၅၀၀၀ ကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့(နိုဝင်ဘာ ၁၇ရက်)ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အကြမ်းဖက်စစ်တပ်နဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် အောက်တိုဘာ ၂၆ ကနေ နိုဝင်ဘာ ၈ ရက်အကြား အနောက်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ များပြားလာတယ်လို့ OCHA က ဆိုပါတယ်။

(အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မီးရှို့ဖျက်ဆီးမှု​ကြောင့် ထန်တလန်ပြည်သူများ ​နေရပ်စွန့်ခွာ​နေကြသည်ကို စက်တင်ဘာလက ​တွေ့ရစဥ်၊ ဓာတ်ပုံ – The Hakha Time)

ဒီလအစပိုင်းမှာ ချင်းပြည်နယ် မတူပီ၊ ထန်တလန်နဲ့ ပလက်၀မြို့နယ်တွေမှာ လူဦးရေ ၅၂၀၀ ခန့် ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ လူပေါင်းများစွာဟာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့တယ်လို့ OCHA က အစီရင်ခံပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ပြည်သူ ၈၂၀၀ ခန့်ဟာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နှစ်ပတ်အတွင်း တိုက်ပွဲရှောင်ထွက်ပြေးသူဦးရေဟာ နှစ်ဆကျော်ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း‌‌ ဆောနဲ့ ဂန့်ဂေါမြို့နယ်တွေမှာလည်း နေရပ်စွန့်ခွာသူ၊ လုံခြုံရေးအခြေအနေတိုးတက်လာကာ နေရပ်ပြန်လာသူတွေရှိခဲ့တယ်လို့ OCHA က ဆိုပါတယ်။

(အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မီးရှို့ဖျက်ဆီးမှု​ကြောင့် ထန်တလန်ပြည်သူများ ​နေရပ်စွန့်ခွာ​နေကြသည်ကို စက်တင်ဘာလက ​တွေ့ရစဥ်၊ ဓာတ်ပုံ – The Hakha Time)

ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် မေလကတည်းက လူဦးရေ ၄၉၇၀၀ ခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ကြား အရင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၆၃၄၀ ခန့်ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်ရဆဲဖြစ်တယ်လို့ OCHA က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်ထဲက နေရပ်ရွှေ့ပြောင်းလာရသူတွေ၊ လက်ခံလူထုအသိုင်းအဝိုင်းတွေမှာ အစားအစာ၊ လောင်စာဆီ၊ ဆေးဝါးပြတ်လတ်မှုတွေကို ကြုံတွေ့နေရတယ်လို့ OCHA က ဆိုပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။