Connect with us

Hi, what are you looking for?

News

ဟားခါးတိုက်ပွဲတွင် စစ်ကောင်စီတပ် ထွက်ပြေး၍ ကျန်ခဲ့သည့် ကျည်ဆံနှင့်ပစ္စည်းများ ချင်းတပ်ဖွဲ့ သိမ်းဆည်း

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ရက်က ဟားခါးမြို့နယ် ခွာဘယ်ဒေသ၌ တိုက်ပွဲငယ်အချို့ဖြစ်ခဲ့သည်ဟုဆိုသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်၌ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)၊ ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများထွက်​ပြေး၍ ကျန်ခဲ့သည့် ကျည်ဆံများနှင့် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ရက်က ဟားခါးမြို့နယ် ခွာဘယ်ဒေသ၌ တိုက်ပွဲငယ်အချို့ဖြစ်ခဲ့သည်ဟုဆိုသည်။

“ကျည်ဆံ ၅၀၀ပေါ့နော်။ သေနတ်ကတော့ ကျွန်တော်တို့ မရခဲ့ဘူး။ ကျွန်တော်တို့ကပစ်တော့ သူတို့ ထွက်ပြေးတာပေါ့။ အဲဒါ နောက်ကနေ လိုက်ပြီးတော့ သူတို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း၊ စစ်ပွဲများ ဖြစ်ပွားပါက ထိခိုက်မှု လျော့ နည်းစေရေးအတွက် ဒေသခံများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် မေတ္တာရပ်ခံကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်း ချင်းပြည်နယ်ရှိ ဟားခါး၊ မင်းတပ်၊ မတူပီနှင့် ပလက်၀ဒေသများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်