Connect with us

Hi, what are you looking for?

News

ဖလံတောင်ဆေးရုံကို BGF စီးနင်းအကြမ်းဖက်၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ တိမ်းရှောင်နေရဟု KNUထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံရွာသားများကို အဓမ္မခေါ်ယူကာ ပေါ်တာဆွဲ ခိုင်းစေမှုများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့တပ်စခန်းချရာ နေရာများသို့ညအိပ်ညနေ ခေါ်ယူကာ လူသားဒိုင်းအဖြစ် အသုံးချနေသည်ဟု KNUက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်ဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့(BGF)က ဖလံတောင်ဆေးရုံကို စီးနင်းထိန်းချုပ်ထား၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်အတွင်း ဝင်ရောက် လာသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို KNUက ယမန်နေ့ညက ထုတ်ပြန်ခဲ့ရာ ယင်းသို့ ဖော်ပြထားသည်။

နိုဝင်ဘာ ၁၆ရက် ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့များသည် ဘားအံမြို့နယ် ဖလံတောင်ကျေးရွာရှိ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းကာ ဆေးရုံမှ ဆေးဝါးပစ္စည်းများနှင့် လူနာအသုံးအဆောင် ပစ္စည်းများကိုအဓမ္မသိမ်းယူခဲ့ပြီး ဆေးရုံအတွင်းတပ်စွဲထားကြောင်း KNUက ထုတ်ပြန်သည်။

ထို့အပြင် ဆေးရုံပြတင်းပေါက်နှင့် မှန်တံခါးများကို ရိုက်ခွဲဖျတ်ဆီးခဲ့ပြီး ဆေးရုံရှိ ဆိုင်ကယ်တစ်စီးကိုလည်း ဖျတ်ဆီးခဲ့ကြောင်း၊ BGF တပ်ဖွဲ့ဝင်များက ဆေးရုံအတွင်းသို့ မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးပဲ ရွာသူ၊ရွာသားများ ဝင်ရောက်လာပါက ပစ်ခတ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း၊ ယခုအခါ ဖလံတောင်ဆေးရုံရှိ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများမှာလည်း BGFတပ်ဖွဲ့များ ၏ ရန်ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံရွာသားများကို အဓမ္မခေါ်ယူကာ ပေါ်တာဆွဲ ခိုင်းစေမှုများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့တပ်စခန်းချရာ နေရာများသို့ညအိပ်ညနေ ခေါ်ယူကာ လူသားဒိုင်းအဖြစ် အသုံးချနေသည်ဟု KNUက ထုတ်ပြန်သည်။

ထို့အပြင် ဘားအံမြို့နယ်အတွင်းသို့ နယ်မြေကျူးကျော်ဝင်ရောက်လာပြီး လူအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသည့် အာဏာသိမ်းစစ်ကောင်စီ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များကို KNU တပ်မဟာ(၁) က နိုဝင်ဘာ ၁၇ရက်တွင် နှစ်ကြိမ် သွားရောက်ပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင်များ မောင်းနှင်လာသော ကား သုံးစီး ပျက်စီးခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုမကို မသိရသေးကြောင်း KNU က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို KNDO တပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း KNUက မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန်ပါတယ်။

Facebook