Connect with us

Hi, what are you looking for?

News

NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇေယျာသော် ဖမ်းခံရတဲ့သတင်းတွေထွက်နေ

စစ်ကောင်စီဟာ ရန်ကုန်မှာ တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ရာမှာ ဦးဖြိုးဇေယျာသော်ကို ဦးဆောင်သူအဖြစ် စွပ်စွဲထားတာတွေရှိနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီအလိုရှိနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ဖမ်းဆီးခံရတယ်လို့တဲ့သတင်းတွေထွက်နေပါတယ်။

ဒီလိုသတင်းထွက်နေတဲ့အချိန်မှာပဲ ကိုဖြိုးဇော်ယျာသော်နဲ့ ရင်းနှီးသူ NLD လွှတ်တော်ကိုယ်စားလှယ်အချို့ဟာ လူမှုကွန်ရက်ဝမ်းနည်းကြောင်းအထိမ်းအမှတ် အနက်ရောင် Profile တင်ထားကြတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်မှာ တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ရာမှာ ဦးဖြိုးဇေယျာသော်ကို ဦးဆောင်သူအဖြစ် စွပ်စွဲထားတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော