Connect with us

Hi, what are you looking for?

News

အရာ​တော်မြို့နယ်ရှိ ​ကျေးရွာအချို့တွင် ပျူ​စောထီးများက လက်နက်ကိုင်၍ ​ကျေးရွာအုပ်ချုပ်​နေ

လက်ရှိတွင် စစ်ကောင်စီနှင့် ပူးပေါင်း၍ လက်နက်များကိုင်ဆောင်ကာ ရပ်ရွာလူထုကို ဖိနှိပ်နေသော ပျူစောထီး၂၀ခန့်သည် ငွေတွင်းကျေးရွာတွင်ရှိနေကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကျေးရွာအချို့၌ ပျူစောထီးများက ရပ်ရွာနေပြည်သူလူထုကို လက်နက်ကိုင် ခြိမ်းခြောက်ပြီး ​​ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးများရယူနေသည်ဟု ​ဒေသခံများက ​ပြောသည်။

အရာတော်အရှေ့နယ်ရှိ ငွေတွင်းကျေးရွာကို စစ်ကောင်စီတပ်များ လာရောက်ပြီးနောက် ကျော်ဆွေဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ရွာမှရပ်မိရပ်ဖအချို့နှင့် ဆယ်အိမ်မှူးများကို စစ်တပ်နှင့် ပျူများက အတင်းအကြပ်ဆင့်ခေါ်ကာ ကျော်ဆွေကို အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်ကြောင်းလက်မှတ်ရေးထိုးစေသည်ဟု အရာတော်မြို့နယ် ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ပူးပေါင်း၍ လက်နက်များကိုင်ဆောင်ကာ ရပ်ရွာလူထုကို ဖိနှိပ်နေသော ပျူစောထီး၂၀ခန့်သည် ငွေတွင်းကျေးရွာတွင်ရှိနေကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်များက ရွာအနီးအနားကျေးရွာများကို ဝင်ရောက်ရာတွင်လည်း အဆိုပါပျူစောထီးများက လက်နက်ကိုင်ဆောင်၍ ရံဖန်ရံခါယူနီဖောင်းပါဝတ်ဆင်ပြီး လိုက်ပါလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျော်ဆွေက နဂိုကတည်းက မဘသအနွယ်။အခု စစ် တပ်အားကိုးနဲ့ လူမိုင်လုပ်ပြီး အုပ်ချုပ်ရေးမှူး ကိုယ်တိုင်တင်မြှောက်နေတာ”ဟု ငွေတွင်းကျေးရွာ​ဒေသခံတစ်ဦးက ပြောသည်။

အလားတူ အရာတော်အရှေ့တောင်ဘက်ရှိ မူးမြစ်အနီးကျေးရွာများဖြစ်သည့် သလဲဘာကျေးရွာနှင့် စပါးတွင်းကျေးရွာတို့တွင်လည်း ပျူစောထီးအားကောင်းသော ရွာများဖြစ်နေသည်။

ယခုရက်ပိုင်းအတွင်း သလဲဘာ ကျေးရွာမှ ပျူစောထီးခေါင်းဆောင် “တောင်ကြီး”ဆိုသူက “သလဲဘာအုပ်စုကို ငါအုပ်ချုပ်မယ်”ဟု ပြောဆိုကာ စစ်ကောင်စီ၏ ထောက် ခံမှုဖြင့် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် အရာတော်မြို့နယ်ကို စက်တင်ဘာ ၁၅ရက်မှစ၍ အင်တာနက်ဖြတ်တောက်ခဲ့ပြီး ဒေသတွင်းကျေးရွာများကို စစ်ကြောင်းများလှည့်ကာ ဖိနှိပ်နေခဲ့ပြီး မကြာသေးမီရက်ပိုင်းက ပြည်သူ့တပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၃၀ ဦးထက်မနည်းသေဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

သတင်း

People’s Spring ထိုင်းနိုင်ငံ တောင်ဖက်စွန်း၊ မလေးရှားနဲ့ နယ်စပ်နားက မြို့တစ်မြို့မှာလက်နက်ကိုင်​သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျီးလန့်စာစား အခြေအနေတွေ ဖြစ်ပေါ်ပြီး အရေးပေါ် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားရတယ်လို့ ဘန်​ကောက်ပို့စ်သတင်းစာက​ဖော်ပြပါတယ်။ မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက နာရာသီဝပ် ပြည်နယ်ရဲ့ အဓိက မြို့ကြီး...

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

သတင်း

သနန်ရွာရှိ အကျဉ်းစခန်းကို နိုဝင်ဘာ၂၂ ရက်နံနက် ၈နာရီတွင် စတင်တိုက်ခဲ့ပြီး ည ၉နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ထိုအကျဉ်းစခန်း စခန်းမှူးကိုလည်း အရှင်ဖမ်းမိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။