Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ်ရှိစစ်ကောင်စီအကျဉ်းစခန်းနှင့်ကသည်းလက်နက်ကိုင်ဌာနချုပ်ကို ကူးကီးတပ်မတော်နှင့် PDFများ တိုက်ခိုက်သိမ်းပိုက်

သနန်ရွာရှိ အကျဉ်းစခန်းကို နိုဝင်ဘာ၂၂ ရက်နံနက် ၈နာရီတွင် စတင်တိုက်ခဲ့ပြီး ည ၉နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ထိုအကျဉ်းစခန်း စခန်းမှူးကိုလည်း အရှင်ဖမ်းမိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

(အကျဥ်းစခန်းနှင့် ကသည်းလက်နက်ကိုင်ဌာနချုပ် ကို​တော်လှန်​ရေးအဖွဲ့များက သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်)
(အကျဥ်းစခန်းနှင့် ကသည်းလက်နက်ကိုင်ဌာနချုပ် ကို​တော်လှန်​ရေးအဖွဲ့များက သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်)

▪︎အကျဥ်းစခန်း စခန်းမှူးအားအရှင်ဖမ်းမိ ၊လက်နက်ခဲယမ်းကား ၃ စီးစာ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ သနန်ကျေးရွာရှိ စစ်ကောင်စီအကျဉ်းစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်ဌာနချုပ်(UNLF)ကို သိမ်းဆည်းရမိကြောင်း ကူကီးအမျိုးသားတပ်မတာ် (KN-ABurma)က သတင်းထုတ်ပြန်ထားသည်။

သနန်ရွာနှင့် တုံဟဲရွာရှိ အကျဉ်းစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ကတည်းလက်နက်ကိုင်အဖွဲ့ဌာနချုပ်တို့ကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတပ်သားများထွက်ပြေးသွားသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သနန်ရွာရှိ အကျဉ်းစခန်းကို နိုဝင်ဘာ၂၂ ရက်နံနက် ၈နာရီတွင် စတင်တိုက်ခဲ့ပြီး ည ၉နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ထိုအကျဉ်းစခန်း စခန်းမှူးကိုလည်း အရှင်ဖမ်းမိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

နိုဝင်ဘာ ၂၃ ရက်တွင် သနန်ကျေးရွာနှင့် တုံဟဲကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့(The United National Liberation Front-UNLF)ဌာနချုပ်ကို နိုဝင်ဘာ ၂၃ ရက်နံနက်၆နာရီတွင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့သည်။ထိုစခန်းကို သိမ်းပိုက်ရာတွင် လက်နက်ခဲယမ်း ကားသုံးစီးတိုက်စာရရှိခဲ့သည်ဟု ကူကီးတပ်မတော်က ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုစခန်းသိမ်းပိုက်ရာတွင် ရှမ်းနီအမျိုးသားတပ်(SNA)မှ တံဆိပ်များကိုလည်း သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီအကျဉ်းစခန်းက အကျဉ်းသားများအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ကြမ်းကြုတ်ရက်စက်မှုများပြုလုပ်မှုကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတာကြောင့် တိုက်ခိုက်ခဲ့တာပါ”ဟု KNA-Burmaထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုစစ်ဆင်​ရေးကို ကူကီးတပ်မတော်(KNA-Burma)၊ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တမူးခရိုင်တပ်ရင်းများ၊ ချင်း CNDF၊ RCDFတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီက နိုဝင်ဘာ ၂၄ရက်၌ လေကြောင်းမှ သုံးကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သနန်၊ဖိုင်လင်း၊ စေတီ၊ နန်းအောက်မှော်၊ စိုးသာသာ၊ မှန်တော၊ မြို့သစ်စသည့် မြို့များ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။အများစုမှာအိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။

“ဒီကသည်းစခန်းက အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ရဲ့ခွင့်ပြုချက်နဲ့ ဂိတ်ဖွင့်ပြီး ပြည်သူတွေကို မျိုးစုံအနိုင်ကျင့်တယ်။ ငွေညှစ်နေတာပါ။ ကူကီးလူမျိုးတွေကို အဓိကထားပြီး အနိုင်ကျင့်ခဲ့တာလေ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ကသည်းလက်နက်ကိုင် UNLFသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ PDFစခန်းများကို မကြာခဏတိုက်ခိုက်ခဲ့ဖူးသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

တမူးအထက်ပိုင်းတလျှောက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ရှမ်းအမျိုးသားတပ်(SNA)နှင့် ကသည်းလက်နက်ကိုင်တပ် ပူးပေါင်းအဖွဲ့တို့ကို တော်လှန်ရေးတပ်များက နိုဝင်ဘာ ၂၂ ရက်ကစတင်တိုက်ခိုက်ပြီး နိုဝင်ဘာ ၂၈ ရက်တွင်မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်များကရေးသားဖော်ပြနေကြသည်။

UNLFဟု ခေါ်သည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့၏ မြန်မာနိုင်ငံရှိဌာနချုပ်ကို မြန်မာ့PDFများ နှင့် ကူကီးတပ်မတော်တို့က တိုက်ခိုက်သိမ်းပိုက်သွားကြောင်း အိန္ဒိယနိုင်ငံ၊မဏိပူရအခြေစိုက်သတင်းဌာနများတွင်ဖော်ပြသည်။ထိုစခန်းကို ၂၀၂၀ခုနှစ်တွင် စစ်တပ်အကူအညီဖြင့်ထူထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊မိုးရေးမြို့နှင့် ၄ ကီလိုမီတာအကွာတွင်တည်ရှိသည်ဟု​ရေးသားထားသည်။ UNLFဌာနချုပ်ကိုPDFများတိုက်ခိုက်ရာတွင်တနာရီသာကြာမြင့်ခဲ့သည်ဟုလည်း အိန္ဒိယသတင်းဌာနအချို့ကဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။