Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်တွင် စစ်ကောင်စီအား စွန့်ခွာလာကြသည့် ဌာနစုံဝန်ထမ်း ၃၃၃ဦး ရှိဟု ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီအား စွန့်ခွာလာကြသော ဝန်ထမ်းများ စာရင်းကို ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မကွေးတိုင်း ဆောမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီယန္တရားအား အပြီးအပိုင် စွန့်ခွာကြောင်း ခံဝန်ချက် ပေးပို့လာသည့် ဌာနပေါင်းစုံမှ ဝန်ထမ်း ၃၃၃ဦး ရှိပြီဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီအား စွန့်ခွာလာကြသော ဝန်ထမ်းများ စာရင်းကို ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီ ယန္တရားအား အပြီးအပိုင် စွန့်ခွာကြောင်း ခံဝန်ချက်နှင့်အတူ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ တစ်ဆင့် ဆောမြို့နယ် ဌာနပေါင်းစုံ CDM ဦးဆောင်ကော်မတီထံသို့ အစီရင်ခံ တင်ပြလာကြသည့် ဝန်ထမ်းများမှာ ပညာရေးဌာနမှ ၂၅၂ ဦး၊ကျန်းမာရေး ၃ဦး၊ ထွေအုပ် ၁၃ဦး၊ စီးပွားရေးဘဏ် ၁ဦး၊ ရဲ ၁ဦး၊ ကျေးလက် ၁ဦး၊ စိုက်ပျိုးရေး ၁ဦး၊ သာသနာရေး ၅ဦး၊ လေကြောင်း ၁ဦး၊ နတလ ၁ဦး၊ ပြန်ဆက် ၁ဦး၊ သမဝါယမ ၅ဦး၊ မီးသတ် ၂ဦး၊ မြေစာရင်း ၄ဦး၊ သစ်တော ၁၄ဦး၊ စည်ပင် ၁ဦးတို့ ဖြစ်သည်ဟုဆိုသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ခံဝန်ပေးပို့တင်ပြသူများသည်သာ အကြမ်းဖက် စစ်ကောင်စီ ယန္တရား စွန့်ခွာသူများအဖြစ် တရားဝင်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီထံ နှုတ်ထွက်ကြောင်း စာတင်စေကာမူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန် မပို့သူများအား စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအဖြစ်သာ ဆက်လက်သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် နိုဝင်ဘာ ၂၂ရက်တွင် အကြမ်းဖက် စစ်ကောင်စီယန္တရားအား အပြီးအပိုင် စွန့်ခွာကြောင်း ခံဝန်ချက်နှင့်အတူ ဆောမြို့နယ် ဌာနပေါင်းစုံ CDM ဦးဆောင်ကော်မတီထံသို့အစီရင်ခံ တင်ပြလာသည့် ဝန်ထမ်း ၅ဦးကိုလည်း စစ်ကောင်စီအား အမှန်တကယ် စွန့်ခွာလာသူများ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ထိုသို့ ထုတ်ပြန်ရာတွှု် ဝန်ထမ်းအမည်၊ ဌာန နှင့် ရာထူး၊ တာဝန်ကျရာ မြို့/ရွာများကို ဖော်ပြ၍ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook