Connect with us

Hi, what are you looking for?

LuduNwayOo

News

အွန်လိုင်း​ဖျော်​ဖြေပွဲလုပ်မယ့် နိုဗန်ထူး

“ကျွန်တော်ပိုက်ဆံလိုလို့ပါ။ ပိုက်ဆံဘာကြောင့်လိုလဲ။ ကျွန်တော့် ရဲဘော်တွေကို ​ကျွေး​မွေးချင်တယ်။ လာမယ့် ၂၈ ရက်နေ့က ကျွန်တော့်မွေးနေ့ဖြစ်တယ်။ အဲဒီမှာ ရဲဘော်တွေနဲ့ မွေးနေ့ကျင်းပမယ်”ဟု ၎င်းကပြောသည်။

လွတ်မြောက်နယ်မြေ၌ ရောက်ရှိနေသည့် အဆိုတော် နိုဗန်ထူးက နိုဝင်ဘာ ၂၆ ရက်ညတွင် အွန်လိုင်းဖျော်​ဖြေပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်မှ အသိပေးထားသည်။

“ကျွန်တော်ပိုက်ဆံလိုလို့ပါ။ ပိုက်ဆံဘာကြောင့်လိုလဲ။ ကျွန်တော့် ရဲဘော်တွေကို ​ကျွေး​မွေးချင်တယ်။ လာမယ့် ၂၈ ရက်နေ့က ကျွန်တော့်မွေးနေ့ဖြစ်တယ်။ အဲဒီမှာ ရဲဘော်တွေနဲ့ မွေးနေ့ကျင်းပမယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် ပရိသတ်များအနေဖြင့် တတ်နိုင်သလောက်ပံ့ပိုးပေးရန် နိုဗန်ထူးကမေတ္တာရပ်ခံသည်။

နိုဝင်ဘာ ၂၆ ရက်ညတွင် ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ပြီး ဖျော်​ဖြေချိန်တစ်နာရီခန့် ကြာမြင့်မည်ဖြစ်ကာ Acoustic သီချင်းများဖြင့်ဖျော်ဖြေပေးမည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဆိုမယ့်သီချင်းတွေက အသစ်ရေးထားတဲ့ သီချင်းတွေပါမယ်။ အရင်က ကျွန်တော့်သီချင်းတွေပါမယ်။ ပြီးတော့ မထွက်ရသေးတဲ့Acoustic ဟာတွေလည်းပါမယ်။ Metal ကတော့ ဆိုပြဖို့ အစီအစဥ်မရှိဘူး။” ဟု နိုဗန်ထူးကပြောသည်။

လက်ရှိအချိန်တွင် ပြည်သူအားလုံးသည် ဘဝတူများဖြစ်သောကြောင့် ငွေကြေးရှိသူများအနေဖြင့်ပို၍ ပံ့ပိုးပေးရန် ၎င်းကပြောသည်။

နိုဗန်ထူးသည် အာဏာသိမ်းခံရသည့် အချိန်ကတည်းက ပြည်သူနှင့်အတူ ရပ်တည်ခဲ့ပြီး လက်ရှိအချိန်၌ လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

လူကုန်ကူးမှု ၏ သားကောင်များကို ဘေးကင်းလုံခြုံမှုပေးနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူ ပေးသွားမည်ဟုလည်း NUG ကဆိုသည်။

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များကို အလွဲသုံးစားလုပ်ရန် အမြဲစဥ်းစားနေသည်ကို သတိပြုရန်လိုအပ်ကြောင်းတို့ကို ဝန်ကြီးများက UNOCHA အကြီးအကဲကို အလေးထား ပြောကြားခဲ့သည်ဟု ဆိုသည်။