Connect with us

Hi, what are you looking for?

News

မြန်မာရဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ လာအို ဖွံ့ဖြိုးအနိမ့်ကျဆုံးနိုင်ငံတွေအဖြစ်ကနေ လွတ်မြောက်ဖို့လမ်းစပွင့်

ဒီ ၃ နိုင်ငံကို ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများစာရင်းကနေ ဖွံ့ဖြိုးဆဲနိုင်ငံစာရင်းကို ကူးပြောင်းဖို့အတွက် ကုလသမဂ္ဂက ၅ နှစ်အချိန်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ၂ နိုင်ငံအပါအဝင် အာရှက နိုင်ငံ ၃ နိုင်ငံကို ကမ္ဘာ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများစာရင်းကနေ ဖယ်ရှားဖို့ နိုဝင်ဘာလ ၂၄ ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သဘောတူလိုက်ကြပါတယ်။

အဲဒီနိုင်ငံတွေကနေ ဘင်္ဂလားဒေ့ရှ် ၊ လာအိုနဲ့ နီပေါ နိုင်ငံတွေပဲဖြစ်ပါတယ်။

ဒီ ၃ နိုင်ငံကို ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများစာရင်းကနေ ဖွံ့ဖြိုးဆဲနိုင်ငံစာရင်းကို ကူးပြောင်းဖို့အတွက် ကုလသမဂ္ဂက ၅ နှစ်အချိန်ပေးလိုက်ပါတယ်။

ဒီ ၅ နှစ်အတွင်းမှာသတ်မှတ်စံနှုန်းတွေနဲ့ကိုက်ညီရင် လာမယ့် ၂၀၂၆ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး စာရင်းကနေ လွတ်မြောက်သွားကြမှာပါ။

Public Service Announcement

Public Service Announcement

ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံတွေအဖြစ် ကုလက သတ်မှတ်ထားတဲ့ နိုင်ငံ ပေါင်း ၄၆ နိုင်ငံရှိပြီး မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး တပါတီအာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်စီမံရာမှာ မြန်မာနိုင်ငံဟာ ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံစာရင်းထဲဝင်သွားပါတော့တယ် ။

အဲဒီအချိန်ကတဦးချင်းဝင်ငွေနည်းပါးတာ ၊ကျန်းမာရေး ၊လူမှုရေး ၊ပညာရေးအခြေအနေနိမ့်ကျတာ ၊စီးပွားရေးလုပ်ကိုင်ရာမှာ ထိခိုက်နစ်နာလွယ်တာတွေကြောင့် အဲဒီစာရင်းထဲဝင်ခဲ့ရတာလို့သိရပါတယ်။

NLD အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံဟာ စံနှုန်းတွေကို ပထမဆုံးအကြိမ် ပြည့်မီလာတဲ့အတွက် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံကနေ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ လွတ်မြောက်ဖို့ လမ်းစပွင့်သွားပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖူးပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့အာဏာသိမ်းမှုကို ၂၀၂၁ နှစ်စပိုင်းမှာတင်ကြုံလိုက်ရပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး ၊စီးပွားရေး ၊လူမှုရေးကဏ္ဍ အသီးသီးမှာနိမ့်ကျလာတာကိုကြုံနေရပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။...

Facebook