Connect with us

Hi, what are you looking for?

News

မန္တလေးမှာ တရက်တည်း ပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်းဖြစ်ပွား

ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်တွေဟာ ယူနီဖောင်းနဲ့ အဆက်မပြတ်ကင်းလှည့်သလို အရပ်ဝတ်နဲ့ စောင့်ကြည့်တာတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းက မန္တလေးမြို့တွင်းမြင်ကွင်း

မန္တလေးမြို့ပေါ်မှာ ဒီနေ့ တရက်တည်း ပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲဒီပေါက်ကွဲမှုတွေမှာ ဒဏ်ရာ ရသူ ၃ ဦးရှိပါတယ်။

ပေါက်ကွဲမှုတွေကတော့ ချမ်းအေးသာစံ မြို့နယ် စုပေါင်းရုံးထဲက အမျိုးသမီးသန့်စင်ခန်းဘေး ၊ ချမ်းအေးသာစည် မြို့နယ် ထဲက ယာဉ်ထိန်းရုံး ၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက ရပ်ကွက်ရုံး ၊အမရပူရမြို့နယ်က ရပ်ကွက်ရုံး ၊ မန္တလေးစည်ပင်ရုံးအနောက်ဘက်မှာရှိတဲ့ စီစီတီဗီတွေ ရဲ့ကေဘယ်လ်ပုံး နားတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်တွေဟာ ယူနီဖောင်းနဲ့ အဆက်မပြတ်ကင်းလှည့်သလို အရပ်ဝတ်နဲ့ စောင့်ကြည့်တာတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ကား ၊ဆိုင်ကယ်တွေကို စစ်ဆေးတာလည်းမြို့အနှံမှာ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။