Connect with us

Hi, what are you looking for?

News

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် ပျော်ပွဲရွှင်ပွဲများမပြုလုပ်ရန် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကထုတ်ပြန်

လာမည့် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလအတွင်း ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်က ထုတ်ပြန်သည်။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သာသနာ့အကျိုးတော်ဆောင်များနှင့် ဘာသာဝင်များအား အခြေအနေအကြောင်းကြောင့် ဘာသာတူများအနေဖြင့် ခရစ္စမတ်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများမပြုလုပ်ရန် အမှာစာတစ်စောင်ကို ယနေ့ ၊ (နိုဝင်ဘာလ ၂၆ ရက်)တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဤ ၂၀၂၁ ခုနှစ် ခရစ္စမတ် ပွဲတော်မြတ်နှင့် ရောက်လာမည့်နှစ်သစ်ကူးပွဲကို မစ္ဆားတရားတော်မြတ်၊ သာသနာမှ ညွှန်ကြားထားသော ကိုဗစ်စည်းကမ်းများနှင့်အညီသာ ပူဇော်ခြင်းမှလွဲ၍ ကျန်အစီအစဥ်များအားလုံး ဥပမာ ခရစ္စမတ်ကယ်ရယ်သီချင်းများသီဆိုခြင်းနှင့် ခရစ္စမတ်သီချင်းများကို ဆောင်းဘောက်စ်များဖြင့်ဖွင့်ခြင်း၊ လူစုလူဝေးဖြင့်ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ ၊ ဧည့်ခံပွဲများကျင်းပခြင်း၊ ဘုရားရှိခိုးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို ယခင်နှစ်များကဲ့သို့ မီးများ၊ အဆင်တန်ဆာဆင်ခြင်းများဖြင့် ပြင်ဆင်ပူဇော်ခြင်း၊ ပွဲတော်မြတ်နှင့် ပတ်သက်၍ မိမိတို့၏ မိသားစုတို့၏ မည့်သည့်ပုံရိပ်မျိုးကိုမှ လူမှုကွန်ယက်များတွင် ဖော်ပြခြင်းများအား မပြုလုပ်ကြရန် မန္တလေး ကက်သလစ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်းမှအသိပေးကြေညာထားသည်။

ပျော်ပွဲရွှင်ပွဲများအစား “အာပတ်ဖြေခြင်း၊ မစ္ဆားနာယူခြင်း၊ ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားနာယူခြင်း၊ ခရစ်ယာန်တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဒုက္ခရောက်နေသူများကို ကူညီခြင်း၊ အလှူဒါနပြုခြင်း၊ စသည့် မြင့်မြတ်ရာများပြုကြလျက် အမျှပြည်သူများနှင့် ထပ်တူထပ်မျှ ရှိနိုင်ကြပါစေ ” ဟု ဆရာတော်က
မှာကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ဒီပဝါီလီနေ့ကျရောက်ခဲ့သော်လည်း ဟိန္ဒူဘာသာဝင်များအနေဖြင့် ​မြန်မာနိူင်ငံတွင် အပြစ်မဲ့ပြည်သူများ သေဆုံးထားရခြင်းနှင့် စစ်ကောင်စီလက်အောက်မှ လွတ်မြောက်မှုမရသေးသည်ကို သတိပြုဆင်ခြင်ကာ ပျော်ပွဲရွှင်ပွဲများ၊ ဘာသာရေးအဆုံးအမအရ
မသင့်လျော်သော ဆူညံစွာပျော်ပါးမူးယစ်ခြင်းများအား မပြုလုပ်မိရန် ဟိန္ဒူဘာသာရေးအသိအပညာအဖွဲ့မှ အသိပေးနှိုးဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook