Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့လယ်​လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီက မျဥ်းဝါတား၍ ပိတ်ဆို့ထား

ရန်ကုန်မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသော်လည်း မည်သည့်အတွက် ပိတ်ဆို့စစ်ဆေးနေသည်ကို မသိရကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် မျဥ်းဝါများတား၍ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) မွန်းလွဲ ၂ နာရီကျော်က စတင်၍ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

လမ်းမတော်၊ သံစျေး၊ လသာ၊ ပုဇွန်တောင်၊ ပန်းဆိုးတန်း၊ ကမ်းနားလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ဆူးလေဘုရားလမ်း နှင့် ဗန္ဓုလတံတား အပါအဝင် မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက မျဥ်းဝါများ၊ သံဆူးကြိုးဖြင့် တား၍ ပိတ်ဆို့ထားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

” မြို့ထဲကိုဝင်တဲ့ လမ်းပတ်ပတ်လည်ကို ပိတ်ချလိုက်တာပါ။ ကားတွေကိုလည်း အကုန်စစ်နေတယ်။ လိုင်းကားတွေလည်း ပေးမသွားတော့ဘူး။ တချို့လမ်းကို တဖက်ပိတ်ပြီး တဖက်ကသွားခိုင်းတယ်။ သွားခိုင်းတဲ့ဘက်က ကားတွေ တစ်စီးချင်း စစ်ဆေးနေပါတယ် ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသော်လည်း မည်သည့်အတွက် ပိတ်ဆို့စစ်ဆေးနေသည်ကို မသိရကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။