Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့လယ်​လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီက မျဥ်းဝါတား၍ ပိတ်ဆို့ထား

ရန်ကုန်မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသော်လည်း မည်သည့်အတွက် ပိတ်ဆို့စစ်ဆေးနေသည်ကို မသိရကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် မျဥ်းဝါများတား၍ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) မွန်းလွဲ ၂ နာရီကျော်က စတင်၍ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

လမ်းမတော်၊ သံစျေး၊ လသာ၊ ပုဇွန်တောင်၊ ပန်းဆိုးတန်း၊ ကမ်းနားလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ဆူးလေဘုရားလမ်း နှင့် ဗန္ဓုလတံတား အပါအဝင် မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက မျဥ်းဝါများ၊ သံဆူးကြိုးဖြင့် တား၍ ပိတ်ဆို့ထားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

” မြို့ထဲကိုဝင်တဲ့ လမ်းပတ်ပတ်လည်ကို ပိတ်ချလိုက်တာပါ။ ကားတွေကိုလည်း အကုန်စစ်နေတယ်။ လိုင်းကားတွေလည်း ပေးမသွားတော့ဘူး။ တချို့လမ်းကို တဖက်ပိတ်ပြီး တဖက်ကသွားခိုင်းတယ်။ သွားခိုင်းတဲ့ဘက်က ကားတွေ တစ်စီးချင်း စစ်ဆေးနေပါတယ် ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသော်လည်း မည်သည့်အတွက် ပိတ်ဆို့စစ်ဆေးနေသည်ကို မသိရကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ