Connect with us

Hi, what are you looking for?

News

ကလေးမြို့ ခမရ ၃၆၃မှတပ်ကြပ်ကြီးစာရေးတစ်ဦးအပါအဝင် သုံးဦး အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး CDM ပြုလုပ်ကာ CDF-KKG မှတဆင့် အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်း (၆) ဦး ရှိပြီဟုလည်း အသိပေးထားသည်။

(ဓါတ်ပုံ- တပ်ကြပ်ကြီးစာရေးMang Bawi Hring)

ကလေးမြို့ရှိ ​ခြေမြန်တပ်ရင်း (ခမ)၃၆၃မှ တပ်ကြပ်ကြီးစာရေးတစ်ဦးအပါအဝင် သုံးဦးသည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး ၄င်းတို့ထံ အလင်းဝင်ရောက်လာသည်ဟု Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG)က သတင်းထုတ်ပြန်သည်။

ခမရ ၃၆၃ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးစာရေးMang Bawi Hring(ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆) နှင့် အခြား နှစ်ဦး အလင်းဝင်လာခြင်းဖြစ်​ကြောင်းယနေ့(နိုဝင်ဘာ ၃၀) ထုတ်ပြန်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး CDM ပြုလုပ်ကာ CDF-KKG မှတဆင့် အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်း (၆) ဦး ရှိပြီဟုလည်း အသိပေးထားသည်။

ထို့အပြင်စစ်အာဏာရှင်အား ဆန့်ကျင်ကာ CDM ပြုလုပ်လာသူများကို ဆုကြေးချီးမြင့်​ခြင်းနှင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးနေခဲ့သည့်CDF-KKG နောက်ဆက်တွဲသတင်းတစ်ခုလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

၎င်းတို့အနေဖြင့် လက်နက်၊ကျည်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးပြီး ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြင့်သွားမည်ဖြစ်ကာ ၊လက်နက်/ကျည် မပါသူများကိုမူယင်းအစီအစဥ်အတွက် တာဝန်ယူတော့မည် မဟုတ်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။