Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့ ခမရ ၃၆၃မှတပ်ကြပ်ကြီးစာရေးတစ်ဦးအပါအဝင် သုံးဦး အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး CDM ပြုလုပ်ကာ CDF-KKG မှတဆင့် အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်း (၆) ဦး ရှိပြီဟုလည်း အသိပေးထားသည်။

(ဓါတ်ပုံ- တပ်ကြပ်ကြီးစာရေးMang Bawi Hring)

ကလေးမြို့ရှိ ​ခြေမြန်တပ်ရင်း (ခမ)၃၆၃မှ တပ်ကြပ်ကြီးစာရေးတစ်ဦးအပါအဝင် သုံးဦးသည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး ၄င်းတို့ထံ အလင်းဝင်ရောက်လာသည်ဟု Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG)က သတင်းထုတ်ပြန်သည်။

ခမရ ၃၆၃ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးစာရေးMang Bawi Hring(ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆) နှင့် အခြား နှစ်ဦး အလင်းဝင်လာခြင်းဖြစ်​ကြောင်းယနေ့(နိုဝင်ဘာ ၃၀) ထုတ်ပြန်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး CDM ပြုလုပ်ကာ CDF-KKG မှတဆင့် အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်း (၆) ဦး ရှိပြီဟုလည်း အသိပေးထားသည်။

ထို့အပြင်စစ်အာဏာရှင်အား ဆန့်ကျင်ကာ CDM ပြုလုပ်လာသူများကို ဆုကြေးချီးမြင့်​ခြင်းနှင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးနေခဲ့သည့်CDF-KKG နောက်ဆက်တွဲသတင်းတစ်ခုလည်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

၎င်းတို့အနေဖြင့် လက်နက်၊ကျည်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးပြီး ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြင့်သွားမည်ဖြစ်ကာ ၊လက်နက်/ကျည် မပါသူများကိုမူယင်းအစီအစဥ်အတွက် တာဝန်ယူတော့မည် မဟုတ်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်...

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။