Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ရေနံနှင့် သဘာဝဓာတ်​ငွေ့လုပ်ငန်းများစာချုပ်ချုပ်ဆို​နေ​သော MOGE ညွှန်ကြား​ရေးမှူးမှာ နိုင်ငံကိုယ်စားပြုမှုမှ ရုတ်သိမ်း​ကြောင်း NUG ​ကြေညာ

NUGအစိုးရသည် တရားဝင်အစိုးရအဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာထိန်းသိမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

People's Spring
People's Spring

ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများနှင့် စာချုပ်ချုပ်ဆိုသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဦးဆောင်ညွှန်ကြားရေးမှူးကို နိုင်ငံတော်အပေါ် ကိုယ်စားပြုမှုအဖြစ်မှ ရုတ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဒီဇင်ဘာ၁ရက်) ထုတ်ပြန်​ကြေညာသည်။

၎င်းနေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနှင့် ၎င်းက တာဝန်ပေးအပ်သူကသာ နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စပ်ဆိုင်သည့် စာချုပ် စာတမ်းများချုပ်ဆို တာဝန်ယူရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက အသိ​ပေးထုတ်ပြန်လိုက်သည်။

NUGအစိုးရသည် တရားဝင်အစိုးရအဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာထိန်းသိမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူးသည် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အမိန့်ပေးညွှန်ကြား ချက်များကို လိုက်နာရန်ပျက်ကွက်ခြင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါပုဒ်မများ နှင့် ညှိစွန်းနေ၍ ပြီးခဲ့သည့် ဇူလှိုင် ၁၄ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု NUGက ဆိုသည်။ ထိုအမိန့်ကိုလည်း ထပ်မံအတည်ပြုသည်ဟု ယာယီသမ္မတက ဆိုထားသည်။

Public Service Announcement

Public Service Announcement

“ဒီလိုလုပ်တာ ရေနံကုမ္ပဏီတွေကို ထိန်းချုပ်ဖို့ဖြစ်မယ်။ ဘယ်လိုအတိုင်းတာလုပ်မယ်ဆိုတာ စောင့်ကြည့်ရမယ်။ အခု စစ်ကောင်စီနဲ့ ချုပ်သမျှစာချုပ်တွေက တရားမဝင်ဘူးဆိုတဲ့ သဘောဖြစ်သွားတာပေါ့”ဟု စွမ်းအင်ကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

MOGEသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ၎င်းသည် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များ တူးဖော်ထုတ်လုပ်ခြင်းတို့တွင် အစိုးရကိုယ်စားဆောင် ရွက်ရသည့် အဖွဲ့အစည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။