Connect with us

Hi, what are you looking for?

News

မြန်မာ့ရေနံနှင့် သဘာဝဓာတ်​ငွေ့လုပ်ငန်းများစာချုပ်ချုပ်ဆို​နေ​သော MOGE ညွှန်ကြား​ရေးမှူးမှာ နိုင်ငံကိုယ်စားပြုမှုမှ ရုတ်သိမ်း​ကြောင်း NUG ​ကြေညာ

NUGအစိုးရသည် တရားဝင်အစိုးရအဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာထိန်းသိမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

People's Spring
People's Spring

ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများနှင့် စာချုပ်ချုပ်ဆိုသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဦးဆောင်ညွှန်ကြားရေးမှူးကို နိုင်ငံတော်အပေါ် ကိုယ်စားပြုမှုအဖြစ်မှ ရုတ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဒီဇင်ဘာ၁ရက်) ထုတ်ပြန်​ကြေညာသည်။

၎င်းနေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနှင့် ၎င်းက တာဝန်ပေးအပ်သူကသာ နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စပ်ဆိုင်သည့် စာချုပ် စာတမ်းများချုပ်ဆို တာဝန်ယူရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက အသိ​ပေးထုတ်ပြန်လိုက်သည်။

NUGအစိုးရသည် တရားဝင်အစိုးရအဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာထိန်းသိမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူးသည် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အမိန့်ပေးညွှန်ကြား ချက်များကို လိုက်နာရန်ပျက်ကွက်ခြင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါပုဒ်မများ နှင့် ညှိစွန်းနေ၍ ပြီးခဲ့သည့် ဇူလှိုင် ၁၄ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု NUGက ဆိုသည်။ ထိုအမိန့်ကိုလည်း ထပ်မံအတည်ပြုသည်ဟု ယာယီသမ္မတက ဆိုထားသည်။

Public Service Announcement

Public Service Announcement

“ဒီလိုလုပ်တာ ရေနံကုမ္ပဏီတွေကို ထိန်းချုပ်ဖို့ဖြစ်မယ်။ ဘယ်လိုအတိုင်းတာလုပ်မယ်ဆိုတာ စောင့်ကြည့်ရမယ်။ အခု စစ်ကောင်စီနဲ့ ချုပ်သမျှစာချုပ်တွေက တရားမဝင်ဘူးဆိုတဲ့ သဘောဖြစ်သွားတာပေါ့”ဟု စွမ်းအင်ကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

MOGEသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ၎င်းသည် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များ တူးဖော်ထုတ်လုပ်ခြင်းတို့တွင် အစိုးရကိုယ်စားဆောင် ရွက်ရသည့် အဖွဲ့အစည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook