Connect with us

Hi, what are you looking for?

News

နယ်​မြေရှင်းလင်း​ရေးဟုဆိုကာအကြမ်းဖက်စစ်ကောင်စီက ဂန့်​​ဂေါနယ်တွင်ရာဇဝတ်မှုများ ထပ်မံကျူးလွန်လာနိုင်ကြောင်းသတိပေးချက်ထုတ်ပြန်

စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှု၊ ရာဇဝတ်မှုများကိုလည်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပေးပို့တိုင်ကြားကြရန်နှင့် စစ်ကောင်စီတပ်များ၏ စစ်ရေးအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့များထံ အချိန်နှင့်တပြေးညီပေးပို့ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဂန့်ဂေါနယ်တွင် နယ်မြေရှင်းလင်းရေးအကြောင်းပြကာ ရာဇဝတ်မှုများ ထပ်မံကျူးလွန်နိုင်၍ ဒေသခံများ လုံခြုံရာသို့အချိန်မီတိမ်းရှောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့်စစ်ကောင်စီတပ်များ၏ စစ်ရေးအချက်အလက်များကိုအချိန်နှင့်တပြေးညီပေးပို့​ရန် ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က တိုက်တွန်းချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အားအများအပြားသုံးကာ ဂန့်ဂေါမြို့နယ်အတွင်း တောနင်းရှာဖွေခြင်း၊ နယ်မြေရှင်းလင်းရေးအကြောင်းပြ အကြမ်းဖက်ခြင်း၊ ၎င်းတို့စစ်ကြောင်းသွားလာရာဝန်းကျင်ရှိ နေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှိူ့ခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ၎င်းတို့သွားလာရာတွင် လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း တို့ကို ကျူးလွန်နေသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့ (ဒီဇင်ဘာ ၂ရက်) သတင်းထုတ်ပြန်သည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လာမည့်ကာလများအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြကာရာဇဝတ်မှုများကို ထပ်မံကျူးလွန်နိုင်ပါသေးသည်ဟုသတိပေးထားသည်။ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပါက တိကျသေချာသော သတင်းအချက်အလက်များကို ရယူကာ စနစ်တကျအချိန်မီ ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှု၊ ရာဇဝတ်မှုများကိုလည်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပေးပို့တိုင်ကြားကြရန်နှင့် စစ်ကောင်စီတပ်များ၏ စစ်ရေးအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့များထံ အချိန်နှင့်တပြေးညီပေးပို့ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နှင့်ထိစပ်နေသော ဂန့်ဂေါမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့်မြို့ဖြစ်ပြီးပြည်သူ့အုပ်ချုပ်ရေးအဆင့်ကိုလည်း တစ်ဆင့်ချင်းအကောင်အထည်ဖော်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

အာရက္ခတပ်တော်(AA)က ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းတွေ့ရှိခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ရဲ့ ထုတ်ပြန်ချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်လို့AA က တုံ့ပြန်ပါတယ်။

Facebook