Connect with us

Hi, what are you looking for?

News

ဌာနေကိုစွန့်ခွာပြီး တတိယနိုင်ငံများ၌ ခိုလှုံရန် ကြိုးပမ်းခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းမပြုရန် CNF ထုတ်ပြန်

လက်ရှိတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ချင်းဒေသခံများ ပြည်တွင်း၊ နယ်စပ် ဒေသ၌ စစ်ဘေးရှောင်နေကြရသည်ဟု ဆလိုင်းထက်နီက ပြောသည်။

(ချင်းပြည်နယ်တွင် စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှုများ​ကြောင့် အိန္ဒီယနိုင်ငံဘက်ခြမ်းသို့ ထွက်​ပြေးတိမ်း​ရှောင်​နေ​သော စစ်​ဘေး​ဒုက္ခသည်စခန်းတစ်ခု)

အမျိုးသားအရေးပေါ် အခြေအနေတွင် ချင်းပြည်သူများအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေး အကျပ် အတည်း ကိုအကြောင်းပြုလျက် ချင်းပြည်ကို စွန့်ခွာပြီး တတိယနိုင်ငံများတွင် ခိုလှုံနိုင်ရေး နှင့် တတိယ နိုင်ငံ တွင် ခိုလှုံနိုင်ရေးအတွက် ချင်းပြည်သူအား စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း များ လုံး၀(လုံး၀) မပြုလုပ်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF)က ယနေ့ ထုတ်ပြန်သည်။

ပြည်တွင်းချင်းမိဘပြည်သူများ၏ တောင်းဆိုချက်ကို အလေးဂရုပြုပြီး သက်ဆိုင်သူအားလုံးအား ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်ကြောင်း CNFကဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အကြမ်းဖက်ဖိနှိပ်မှုများ လုပ်ဆောင်၍ ချင်းတိုင်းရင်း သားများ အနေဖြင့် ဌာနေကိုစွန့်ခွာပြီး တတိယ နိုင်ငံများ၌ ခိုလှုံရန် စဉ်းစားလာကြကြောင်း ချင်းအမျိုး သားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီး ချင်းပြည်သူများအား အကြမ်းဖက် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက် လိင်မှုကျူးလွန်ခြင်း၊ ပြည်သူ့ အသက် အိုးအိမ် စည်းစိမ်များ တိုက်တာ အဆောက်အဦ နှင့် ခရစ်ယာန်ဘုရားကျောင်း များ မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများ လူမျိုးတုံးသတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်း CNFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်သည် ချင်းအမျိုးသားနှင့် ချင်းပြည်လုံခြုံရေးကို ရည်ရွယ်ချက်ရှိရှိ ထိပါးဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ချင်းဒေသခံများ ပြည်တွင်း၊ နယ်စပ် ဒေသ၌ စစ်ဘေးရှောင်နေကြရသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“တချို့ဆို အိန္ဒိယ နိုင်ငံနယ်စပ်ထိ သွားပြီးတော့ တတိယနိုင်ငံအထိရမလားဆိုပြီး စိတ်ကူးတဲ့အနေ အထားက ချင်းအမျိုးသားတွေအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။ ပြည်တွင်းမှာ မနေရဲဘူ သူတို့က စစ်ကောင်စီအောက်မှာ မနေရဲဘူး စိတ်ဖိစီးလို့ စိတ်ဓာတ်ကျဆင်းမှုတွေကြောင့် အဲဒါတွေက အင်မတန်မှ ထိခိုက်တယ်” ဟု ၎င်းကဆက်​ပြောသည်။

ယနေ့သည် ချင်းပြည်သူ တစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှုကို အမြန်ဆုံးရေချိန်မြှင့်တင်လျက် ချင်းပြည်မှ တစ်ဖဝါးမှ မခွာဘဲ ချင်းအမျိုးသားလုံခြုံရေး၊ ချင်းပြည်ကာကွယ်ရေး နှင့် အမျိုးသားရေရှည် တည်တံ့ခိုင်မြဲရေးတို့အတွက် အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင် ခုခံတော်လှန်နေသည့် နိုင်ငံရေးအကျပ်အတည်းဆုံး အမျိုးသားအရေးပေါ် ကာလဖြစ်ကြောင်း CNFက ထုတ်ပြန်သည်။

CNF သည် စစ်ကောင်စီကိုဖြုတ်ချရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ခုခံ​​တော်လှန်​နေ​သောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​​​သောပြည်သူများကိုကျန်​ဒေသများကဲ့သို့ အကြမ်းဖက်စစ်​ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သဖြင့် CNF အပြင် ၊ချင်း​ဒေသလက်နက်ကိုင်အဖွဲ့ (CDF) ကိုပါ မြို့နယ်အလိုက်ဖွဲ့စည်း၍ ခုခံ​တော်လှန်​နေသည်မှာ ​ထိ့​ရောက်မှုရှိပြီး စစ်​ကောင်စီတပ်အထိ့နာ​နေ​သော ပြည်နယ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။