Connect with us

Hi, what are you looking for?

News

သဖန်းဆိပ်ဆည်တွင်ရွှေကျင်နေသူများအနက်အသက်၅၀ အောက်အမျိုးသားများကို စစ်ကောင်စီဖမ်းဆီးသွား

“အသက် ၅၀ အောက်တွေအကုန်ဖမ်းသွားတာ။ ဖောင်တွေရော စက်တွေရော မီးရှို့ခံရတယ်။ ဖမ်းသွားတဲ့သူတွေ ပြန်လွတ်မလာသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

သဖန်းဆိပ်ဆည်အတွင်း ရွှေကျင်သူများ၏ ဖောင်များ၊ စက်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး ရွှေကျင်နေသူများအနက် အသက် ၅၀ အောက်အမျိုးသားများကိုယမန်​နေ့က ဖမ်းဆီးသွားသည်ဟုကျွန်းလှဒေသခံများကပြောသည်။

စေတီကုန်းရွာမှ အမျိုးသားများကို ယမန်နေ့(ဒီဇင်ဘာ ၃)က ဖမ်းဆီးသွားပြီး ယနေ့ အထိ ပြန်လွတ်မြောက်မလာသေးဟု ၎င်းတို့က​ပြောသည်။သို့​သော်ဖမ်းဆီးခံရသူအရေအတွက်ကိုမူမသိရသေးပေ။

“အသက် ၅၀ အောက်တွေအကုန်ဖမ်းသွားတာ။ ဖောင်တွေရော စက်တွေရော မီးရှို့ခံရတယ်။ ဖမ်းသွားတဲ့သူတွေ ပြန်လွတ်မလာသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

သဖန်းဆိပ်ဆည်တွင် ​ဒေသခံများက ယခင်ကတည်းက နားလည်မှုဖြင့် ​ဖောင်များဖြင့် ​ရွှေ​တူး​နေကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ကျွန်းလှနှင့် တန့်ဆည်နယ်ကို အကြမ်းဖက်တိုက်ခိုက်နေပြီး အရပ်သားတစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

ထိုအပြင်ယနေ့တွင်ကျွန်းလှမြို့နယ် ပင့်သာကျေးရွာပေါ်မှ ဖြတ်သွားသည့် စစ်​ကောင်စီရဟတ်ယာဥ်တစ်စင်းက PDF များအား ပုံဖျက်ထားသည့် ဝါဒဖြန့် စာရွက်များ ကျဲချသွားခဲ့သည်။

“သတင်းတွေက အခုဖြစ် အခုသိနေတာ။ ဘယ်သူက စစ်ခွေး၊ ဘယ်သူက ပြည်သူဘက်တော်သားဆိုတာလွယ်လွယ်လေးသိနေရတဲ့ခေတ်မှာ ဝါဒဖြန့်စာ ချသွားတဲ့ ဦးနှောက်ကတော့ ပိန်းလွန်းတယ်” ဟု ကျွန်းလှမြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။