Connect with us

Hi, what are you looking for?

News

ဂဠုန်တပ်မှ ရဲ​ဘော်သုံးဦး မိုင်းစမ်းသပ်စဥ် ကျဆုံး

“မနေ့က(ဒီဇင်ဘာ ၅ ရက်) ဖြစ်တာပါ။အကြမ်းဖက် စစ်ကောင်စီကို မိုင်းဆွဲတာတွေ ပိုပြီးပြင်းထန်ဖို့ကြိုးစားရင်း ဖြစ်သွားရတာပေါ့”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မိုင်းစမ်းသပ်စဥ် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က ယနေ့ ထုတ်ပြန်သည်။

ကျဆုံးသွားသူများမှာ အသက် (၂၀)အရွယ်ခန့်သာ ရှိသေးသူများဖြစ်ပြီး ရဲဘော်အေးဇော်ဝင်၊ ရဲဘော်မျိုးမင်းထက်နှင့် ရဲဘော်ဇော်ဇော်နိုင်တို့ ဖြစ်သည်။

“မနေ့က(ဒီဇင်ဘာ ၅ ရက်) ဖြစ်တာပါ။အကြမ်းဖက် စစ်ကောင်စီကို မိုင်းဆွဲတာတွေ ပိုပြီးပြင်းထန်ဖို့ကြိုးစားရင်း ဖြစ်သွားရတာပေါ့”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၂၅ ရက်ကလည်း ဂဠုန်တပ်တော်မှ ပြည်သူ့ရဲဘော်နှစ်ဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ လာရောက်နိုင်သောလမ်းကြောင်းအား ကြိုတင်ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ရန် တပ်သားနှစ်ဦးမှာ ကြိုးစား၍ မိုင်းထောင်နေကြစဥ် မတော်တဆ ပေါက်ကွဲမှုနှင့်အတူ တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောက်စီ၏ ထိုးစစ်ကို ခုခံတော်လှန်နေသည့် အားကောင်းသည့် နယ်မြေ ဖြစ်သော်လည်း လက်နက် မပြည့်စုံမှုကြောင့် လက်လုပ်မိုင်းများဖြင့်သာ အဓိကထား၍ စစ်ကောင်စီကို တိုက်ခိုက်နေရသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများဝယ်ယူနိုင်ရေးအတွက် ပြည်သူလူထုမှ ထောက်ပံ့ပေးကြရန်လည်း တော်လှန်ရေး ပြည်သူ့တပ်ဖွဲ့အသီးသီးက မေတ္တာရပ်ခံ​နေသည်။

(ကျဆုံးခဲ့သည့် ရဲ​ဘော်များကို မီးသဂြိုလ်​နေစဥ်)

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။