Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂဠုန်တပ်မှ ရဲ​ဘော်သုံးဦး မိုင်းစမ်းသပ်စဥ် ကျဆုံး

“မနေ့က(ဒီဇင်ဘာ ၅ ရက်) ဖြစ်တာပါ။အကြမ်းဖက် စစ်ကောင်စီကို မိုင်းဆွဲတာတွေ ပိုပြီးပြင်းထန်ဖို့ကြိုးစားရင်း ဖြစ်သွားရတာပေါ့”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မိုင်းစမ်းသပ်စဥ် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က ယနေ့ ထုတ်ပြန်သည်။

ကျဆုံးသွားသူများမှာ အသက် (၂၀)အရွယ်ခန့်သာ ရှိသေးသူများဖြစ်ပြီး ရဲဘော်အေးဇော်ဝင်၊ ရဲဘော်မျိုးမင်းထက်နှင့် ရဲဘော်ဇော်ဇော်နိုင်တို့ ဖြစ်သည်။

“မနေ့က(ဒီဇင်ဘာ ၅ ရက်) ဖြစ်တာပါ။အကြမ်းဖက် စစ်ကောင်စီကို မိုင်းဆွဲတာတွေ ပိုပြီးပြင်းထန်ဖို့ကြိုးစားရင်း ဖြစ်သွားရတာပေါ့”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၂၅ ရက်ကလည်း ဂဠုန်တပ်တော်မှ ပြည်သူ့ရဲဘော်နှစ်ဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ လာရောက်နိုင်သောလမ်းကြောင်းအား ကြိုတင်ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ရန် တပ်သားနှစ်ဦးမှာ ကြိုးစား၍ မိုင်းထောင်နေကြစဥ် မတော်တဆ ပေါက်ကွဲမှုနှင့်အတူ တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောက်စီ၏ ထိုးစစ်ကို ခုခံတော်လှန်နေသည့် အားကောင်းသည့် နယ်မြေ ဖြစ်သော်လည်း လက်နက် မပြည့်စုံမှုကြောင့် လက်လုပ်မိုင်းများဖြင့်သာ အဓိကထား၍ စစ်ကောင်စီကို တိုက်ခိုက်နေရသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများဝယ်ယူနိုင်ရေးအတွက် ပြည်သူလူထုမှ ထောက်ပံ့ပေးကြရန်လည်း တော်လှန်ရေး ပြည်သူ့တပ်ဖွဲ့အသီးသီးက မေတ္တာရပ်ခံ​နေသည်။

(ကျဆုံးခဲ့သည့် ရဲ​ဘော်များကို မီးသဂြိုလ်​နေစဥ်)

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

မြိုင်ပကဖနှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များသည် ပခုက္ကူမှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းများအား တိုက်ခိုက်လျက်ရှိသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။