Connect with us

Hi, what are you looking for?

News

ခရမ်းမြို့သို့ စျေးလာရောင်းသည့် အမျိုးသားနှစ်ဦး ဆိုင်ကယ်နှစ်ယောက်စီးသည်ဆိုကာ အကြမ်းဖက် စစ်ကောင်စီတပ်က ပါးသုံးချက်စီရိုက်

“ဂိတ်ကိုရောက်တော့ ဆိုင်ကယ်ကိုတားပြီး ရပ်ခိုင်းတယ်။ မင်းတို့ဘာကောင်တွေလဲ နှစ်ယောက်မစီးရဘူးဆိုတာ နားမလည်ဘူးလားဆိုပြီး ဆိုင်ကယ်ပေါ်ကဆင်းခိုင်းတယ်။ ပြီးတော့ တစ်ယောက်ကို ပါးသုံးချက်စီ ရိုက်တယ်”ဟု ပါးရိုက်ခံရသည့်အမျိုးသားများနှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

– Maskများ တပ်မလာရန် သတိပေးထားဟုဆို

ခရမ်းမြို့သို့ ယနေ့(ဒီဇင်ဘာ ၈)နံနက်အစောပိုင်းက စျေးလာရောင်းသည့် အမျိုးသားနှစ်ဦးကို မြို့အဝင် စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောက်စီးသည်ဆိုကာ ပါးသုံးချက်စီရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် ယနေ့နံနက် ၆နာရီကျော်တွင် ဒေးပေါက်လမ်းဆုံမှတစ်ဆင့် ခရမ်းမြို့အဝင် စစ်ဆေးရေးဂိတ်သို့ဖြတ်စဥ် အစောင့်ချထားသော စစ်ကောင်စီတပ်သားများက ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

“ဂိတ်ကိုရောက်တော့ ဆိုင်ကယ်ကိုတားပြီး ရပ်ခိုင်းတယ်။ မင်းတို့ဘာကောင်တွေလဲ နှစ်ယောက်မစီးရဘူးဆိုတာ နားမလည်ဘူးလားဆိုပြီး ဆိုင်ကယ်ပေါ်ကဆင်းခိုင်းတယ်။ ပြီးတော့ တစ်ယောက်ကို ပါးသုံးချက်စီ ရိုက်တယ်”ဟု ပါးရိုက်ခံရသည့်အမျိုးသားများနှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ရိုက်နှက်ခံရပြီးနောက် ကိုဗစ်ရောဂါကူးစက်မှုကိုကာကွယ်ရန်တပ်ဆင်ထားသည့် နှာခေါင်းစီး (Mask) များကိုချွတ်ခိုင်းပြီး နောက်တစ်ကြိမ် ခရမ်းမြို့သို့လာလျှင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ယောက်မစီးရန် Mask များတပ်မလာရန် သတိပေးခံရကြောင်း ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ ၅ ရက်ညက ခရမ်းမြို့မရဲစခန်းနှင့် ပညာရေးမှူးရုံးတို့အား ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုင်မှုများအပြီး ခရမ်းမြိူ့သို့လာရောက်သူများ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောင်မစီးရဟူသည့် စစ်ကောင်စီ၏တားမြစ်အမိန့် ထွက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၆ ရက်ကလည်း ခရမ်းမြို့အဝင် သစ်တောဂိတ်၌ အစောင့်ချထားသော စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခံခဲ့ရပြီးနောက် ခရမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်များအင်အားတိုးချထားကာ စစ်ကား အကြီး၊အသေး ကိုးစီးခန့်ဖြင့် မြို့တွင်းသို့ ညစဥ် လှည့်လည်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထောက်ခံစာမပါလျှင် ခရမ်းမြို့တွင်းသို့ပေးမဝင်ဘဲ နောက်ကြောင်းပြန်ခိုင်းသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

(ပုံဟောင်း – ခရမ်းမြို့အဝင် ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယခင်က ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook