Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရမ်းမြို့သို့ စျေးလာရောင်းသည့် အမျိုးသားနှစ်ဦး ဆိုင်ကယ်နှစ်ယောက်စီးသည်ဆိုကာ အကြမ်းဖက် စစ်ကောင်စီတပ်က ပါးသုံးချက်စီရိုက်

“ဂိတ်ကိုရောက်တော့ ဆိုင်ကယ်ကိုတားပြီး ရပ်ခိုင်းတယ်။ မင်းတို့ဘာကောင်တွေလဲ နှစ်ယောက်မစီးရဘူးဆိုတာ နားမလည်ဘူးလားဆိုပြီး ဆိုင်ကယ်ပေါ်ကဆင်းခိုင်းတယ်။ ပြီးတော့ တစ်ယောက်ကို ပါးသုံးချက်စီ ရိုက်တယ်”ဟု ပါးရိုက်ခံရသည့်အမျိုးသားများနှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

– Maskများ တပ်မလာရန် သတိပေးထားဟုဆို

ခရမ်းမြို့သို့ ယနေ့(ဒီဇင်ဘာ ၈)နံနက်အစောပိုင်းက စျေးလာရောင်းသည့် အမျိုးသားနှစ်ဦးကို မြို့အဝင် စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောက်စီးသည်ဆိုကာ ပါးသုံးချက်စီရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် ယနေ့နံနက် ၆နာရီကျော်တွင် ဒေးပေါက်လမ်းဆုံမှတစ်ဆင့် ခရမ်းမြို့အဝင် စစ်ဆေးရေးဂိတ်သို့ဖြတ်စဥ် အစောင့်ချထားသော စစ်ကောင်စီတပ်သားများက ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

“ဂိတ်ကိုရောက်တော့ ဆိုင်ကယ်ကိုတားပြီး ရပ်ခိုင်းတယ်။ မင်းတို့ဘာကောင်တွေလဲ နှစ်ယောက်မစီးရဘူးဆိုတာ နားမလည်ဘူးလားဆိုပြီး ဆိုင်ကယ်ပေါ်ကဆင်းခိုင်းတယ်။ ပြီးတော့ တစ်ယောက်ကို ပါးသုံးချက်စီ ရိုက်တယ်”ဟု ပါးရိုက်ခံရသည့်အမျိုးသားများနှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ရိုက်နှက်ခံရပြီးနောက် ကိုဗစ်ရောဂါကူးစက်မှုကိုကာကွယ်ရန်တပ်ဆင်ထားသည့် နှာခေါင်းစီး (Mask) များကိုချွတ်ခိုင်းပြီး နောက်တစ်ကြိမ် ခရမ်းမြို့သို့လာလျှင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ယောက်မစီးရန် Mask များတပ်မလာရန် သတိပေးခံရကြောင်း ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ ၅ ရက်ညက ခရမ်းမြို့မရဲစခန်းနှင့် ပညာရေးမှူးရုံးတို့အား ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုင်မှုများအပြီး ခရမ်းမြိူ့သို့လာရောက်သူများ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောင်မစီးရဟူသည့် စစ်ကောင်စီ၏တားမြစ်အမိန့် ထွက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၆ ရက်ကလည်း ခရမ်းမြို့အဝင် သစ်တောဂိတ်၌ အစောင့်ချထားသော စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခံခဲ့ရပြီးနောက် ခရမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်များအင်အားတိုးချထားကာ စစ်ကား အကြီး၊အသေး ကိုးစီးခန့်ဖြင့် မြို့တွင်းသို့ ညစဥ် လှည့်လည်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထောက်ခံစာမပါလျှင် ခရမ်းမြို့တွင်းသို့ပေးမဝင်ဘဲ နောက်ကြောင်းပြန်ခိုင်းသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

(ပုံဟောင်း – ခရမ်းမြို့အဝင် ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယခင်က ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။