Connect with us

Hi, what are you looking for?

News

စစ်တပ်နှင့်ဆက်စပ်သည့်စီးပွားရေးလုပ်ငန်းများ၏အ​ကောင့်များ၊​ ပေချ်များ၊ ဂရု(ဖ်)များကိုဖေ့စ်ဘွတ်ခ်ဖယ်ရှား

မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၏ စာမျက်နှာများ၊ ဂရု(ဖ်)များနှင့် အကောင့်များကို ဖယ်ရှားလိုက်​ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta က ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

(ထားဝယ်ခရိုင် ​လောင်းလုံးမြို့နယ်တွင် စစ်တပ်ပိုင်ထုတ်ကုန်များ မသုံးစွဲ​ရေး မီးရှို့ဆန္ဒပြ​နေစဥ်)

ဖေ့စ်ဘွတ်ခ်သည် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှု တိုးချဲ့လိုက်ပြီး စစ်တပ်၏ ကျူးလွန်နေဆဲ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို နိုင်ငံတကာအသိုင်းအဝန်း၏ ကျယ်ပြန့်သည့်အထောက် အထားများကို အခြေခံကာ ယခုလို အရေးယူလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဖေ့စ်ဘွတ်ခ်သည် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေကို ဆက်လက်စောင့်ကြည့်နေမည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ဝန်းကျင်လုံခြုံ​ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လုပ်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။