Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုယန္တရားလည်ပတ်စေရန် အားပေးကူညီသော ဌာနဆိုင်ရာ၀န်ထမ်းများ၏ အချက်အလက်နှင့် လှုပ်ရှားမှုများကို သတင်းပေးပို့ရန် ကလေး CDMရဲအဖွဲ့မေတ္တာရပ်ခံ

Non-CDM ဝန်းထမ်းများနှင့်ပတ်သက်ပြီး ကလေး PDF အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အရေးယူဆောင်ရွက်သွားမည်ဟု KPS ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်အာဏာရှင်ကို ဆန့်ကျင်၍ ပြည်သူများဘက်မှ ရပ်တည်ကာ CDM ပြုလုပ်ခဲ့ကြသည့် ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ၊ ဓာတ်ပုံ - CJ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အကြမ်းဖက်မှုယန္တရားလည်ပတ်စေရန် အားပေး ထောက်ခံကူညီလျက်ရှိသော ဌာနဆိုင်ရာဂန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်နှင့် သွားလာလှုပ်ရှားမှုများကို ဆက်သွယ်သတင်းပေးပို့ကြရန် CDM ရဲများဖြင့်ဖွဲ့စည်းထားသည့် Kalay Police Service(KPS)က ယနေ့ (ဒီဇင်ဘာ ၉)ထုတ်ပြန်သည်။

အဆိုပါ Non-CDM ဝန်ထမ်းများသည် တည်ဆဲရာဇသတ်ကြီးဥပဒေအရ အကြမ်းဖက်မှုကို အားပေးကူညီ လျက်ရှိကြောင်းတွေ့ရပြီး ၎င်းတို့သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၃ ကို ဖောက်ဖျက်ကျူးလွန် လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး နိုင်ငံတော်အာဏာကို ဓားပြတိုက်လုယူခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်မှုထမ်းတစ်ဦးသာဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံထားရသူ မဟုတ်ကြောင်း KPS ကထောက်ပြထားသည်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံသည် ပြည်သူလူထုဆန္ဒမဲဖြင့် ပုံဖော်သော ရွေးကောက်ပွဲများမှတစ်ဆင့် ပေါ်ပေါက်လာရပြီး လူထုရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ်ကသာ ဝန်ကြီးဌာနတစ်ခုတည်ထောင်ပြီး လူထုဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရကြောင်းလည်း KPS ကရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများသည်လည်း လူထုရွေးချယ်တင်မြှောက်ထားသောအစိုးရ ကိုသာ သစ္စာခံရမည်ဖြစ်ပြီး ထိုသို့မလုပ်နိုင်ပါက ရာထူးမှနှုတ်ထွက်ကြရမည်ဟု ကလေး CDMရဲအဖွဲ့ က ဆိုသည်။

လက်ရှိအာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖျက်သိမ်းထားသော ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်သစ်စာဖောက်ဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတအား ဖမ်းဆီးအကျဥ်းချထားခြင်းမှာ ထပ်ဆင့်အပြစ်ကျူးလွန်ခြင်းဖြစ်ကြောင်း KPS က ထောက်ပြထားသည်။

Non-CDM ဝန်းထမ်းများနှင့်ပတ်သက်ပြီး ကလေး PDF အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အရေးယူဆောင်ရွက်သွားမည်ဟု KPS ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကလေးမြို့နယ်တွင် CDM ရဲအဖွဲ့(KPS)ကို ဖွဲ့စည်းပြီးကြောင်း အဆိုပါအဖွဲ့က ဒီဇင်ဘာ၆ရက်တွင် အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။